Zawgyi
Ref – Gizmo China
Unicode
Samsung ကနေ နောက်လာမယ့်နှစ်အစောပိုင်းမှာ Galaxy S11 Series စမတ်ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်သလို A Series ဖုန်းအသစ်တွေကိုလည်း ဆက်တိုက်မိတ်ဆက်လာဖို့ရှိနေပါတယ်။ အခုလည်း နောက်နှစ်အစောပိုင်းမှာ မိတ်ဆက်လာနိုင်တဲ့ A Series စမတ်ဖုန်းတစ်လုံးရဲ့ သတင်းက ပေါက်ကြားလာပြန်ပါပြီ။
အခုသတင်းကတော့ Samsung Galaxy A81 စမတ်ဖုန်းသတင်းပဲဖြစ်ပြီးတော့ အစောပိုင်းတုန်းက Leak သတင်းတွေထွက်ပေါ်ခဲ့ဖူးတဲ့ Galaxy A51 နဲ့ A71 စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်လာဖို့များနေပါတယ်။ ဒါပေမယ့် ဒီ Galaxy A81 ဖုန်းမှာ ထူးခြားချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါက S Pen Stylus ကိုပါ Support ပြုလုပ်လာဖွယ်ရှိနေတာပဲဖြစ်ပါတယ်။
ဘာကြောင့် S Pen ကို Support ပြုလုပ်လာနိုင်သလဲဆိုတာကတော့ အခု Galaxy A81 ရဲ့ Model Number ကြောင့်ဖြစ်ပြီးတော့ Model Number က SM-AN815F ဖြစ်နေတာကြောင့်ပါ။ ပုံမှန်အားဖြင့် Galaxy S Series ဖုန်းတွေက SM-Gxxxx ၊ Note Series ဖုန်းတွေက SM-Nxxxx နဲ့ A Series ဖုန်းတွေက SM-Axxxx ဆိုပြီး သတ်မှတ်လေ့ရှိတဲ့အတွက် အခု Galaxy A81 ဖုန်းရဲ့ SM-AN815F က ထူးခြားနေတာဖြစ်ပြီး Note Series ရဲ့ Feature တစ်ခုဖြစ်တဲ့ S Pen ပါဝင်လာနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။
အခုလက်ရှိထွက်ရှိထားတဲ့သတင်းတွေအရလည်း Galaxy A91 က SM-A915F နဲ့ Galaxy S10 Lite ဖုန်းက SM-G770F ဖြစ်လာမှာဖြစ်တဲ့အတွက် A Series ဖုန်းတွေထဲမှာ Galaxy A81 ဖုန်းတစ်ခုပဲ S Pen ကို Supportလုပ်တဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။ အခု Galaxy A81 ဟာ တခြားသောနိုင်ငံအနည်းငယ်မှာ Galaxy Note 10 Lite အနေနဲ့ မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။
Galaxy A81 စမတ်ဖုန်းရဲ့ တခြားသောသတင်းတွေကိုတော့ အတိအကျမသိရှိရသေးပေမယ့် Quad Camera စနစ်ကို အသုံးပြုလာမှာဖြစ်ပြီး 64MP Primary Sensor ၊ 16MP Ultrawide Sensor ၊ 12MP 2x ဒါမှမဟုတ် 5x Telephoto Sensor နဲ့ 3D ToF Sensor တွေပါဝင်လာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် S Pen ကို Note Series လောက် စျေးမကြီးဘဲ အသုံးပြုနိုင်မှာဆိုတော့ Galaxy A81 ဖုန်းကလည်း အောင်မြင်နိုင်ဖို့များနေပါတယ်။
Ref – Gizmo China