[Zawgyi]

ေတာင္ကုိရီးယားအေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Samsung ဟာ တရုတ္ေစ်းကြက္မွာ က်ဆင္းလာတဲ့ ေစ်းကြက္ကို ျပန္လည္ ရယူႏုိင္ဖို႔ Galaxy A စီးရီး Flagship အသစ္ေတြနဲ႔ ႀကိဳးစားလာပါၿပီ။ တရုတ္ေစ်းကြက္ကို ထိုးေဖာက္ဖို႔ မိတ္ဆက္လာတာေတြကေတာ့ Galaxy A6s, Galaxy A9s နဲ႔ Galaxy A8s တုိ႔ပါပဲ။ A8s စမတ္ဖုန္း ေတြကို ဒီႏွစ္အေစာပုိင္းမွာတည္းက ဝယ္ယူရရွိႏုိင္ကာ တရုတ္ျပည္တြင္းမွာ ၂,၆၉၈ ယြမ္ (ျမန္မာေငြ ေျခာက္သိန္းခန္႔) က်သင့္ပါတယ္။

ဒီဖုန္းဟာ အျခားႏုိင္ငံက ေစ်းကြက္ေတြကိုေတာင္ မိတ္မဆက္ရေသးပါဘူး။ ဒါေပမယ့္ ႏုိင္ငံတကာေစ်းကြက္ကို မိတ္မဆက္လာခင္မွာ တရုတ္ျပည္တြင္းမွ အမ်ဳိးသမီးဝယ္ယူသူေတြကို ဦးစားေပး ပစ္မွတ္ထားလာတဲ့ Galaxy A8s FE ဗားရွင္းအသစ္ကိုပါ ထပ္ထုတ္ျပလာခဲ့ပါတယ္။

Galaxy A8s FE ကေတာ့ တရုတ္ႏုိင္ငံအတြင္းမွာ ေဖေဖာ္ဝါရီ ၁၄ ခ်စ္သူမ်ားေန႔မွာ မိတ္ဆက္လာမွာပါ။ ပုံထဲမွာ ျမင္ရတဲ့အတုိင္း လာမယ့္လအတြင္းမွာ ေရာက္လာမယ့္ဖုန္းက ႏွစ္ေရာင္စပ္အေရာင္ေျပးကာလာ ႏွစ္မ်ဳိးနဲ႔ ထြက္ရွိလာမွာပါ။ ပထမေမာ္ဒယ္က အဝါနဲ႔ ပန္းေရာင္ကို အေရာင္ပါးပါးေျပးထားၿပီး ေနာက္တစ္ခုကေတာ့ ပန္းနဲ႔ အျပာေရာင္တုိ႔ ျဖစ္ပါတယ္။ ဒါက စုံတြဲေတြလည္း ဆင္တူကိုင္ႏုိင္ေအာင္ ျပဳလုပ္ထားသလား စဥ္းစားစရာပါ။

A8s FE ရဲ႕ေစ်းႏႈန္းကိုေတာ့ အခုခ်ိန္ထိ အတည္မျပဳရေသးပါဘူး။ အထဲမွာပါတဲ့ Specs ေတြကလည္း ပုံမွန္ဗားရွင္းနဲ႔ အတူတူပဲလို႔ ဆုိပါတယ္။ Galaxy A8s ဖုန္းဟာ 6.4” လက္မအရြယ္ Infinity-O Display ပါဝင္လာၿပီး Full HD+ Resolution ရရွိႏုိင္မွာပါ။ Snapdragon 710 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး 3,400 mAh ဘကၳရီ ပါဝင္ပါတယ္။

Ref – Playful Droid

[Unicode]

တောင်ကိုရီးယားအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Samsung ဟာ တရုတ်ဈေးကွက်မှာ ကျဆင်းလာတဲ့ ဈေးကွက်ကို ပြန်လည် ရယူနိုင်ဖို့ Galaxy A စီးရီး Flagship အသစ်တွေနဲ့ ကြိုးစားလာပါပြီ။ တရုတ်ဈေးကွက်ကို ထိုးဖောက်ဖို့ မိတ်ဆက်လာတာတွေကတော့ Galaxy A6s, Galaxy A9s နဲ့ Galaxy A8s တို့ပါပဲ။ A8s စမတ်ဖုန်း တွေကို ဒီနှစ်အစောပိုင်းမှာတည်းက ဝယ်ယူရရှိနိုင်ကာ တရုတ်ပြည်တွင်းမှာ ၂,၆၉၈ ယွမ် (မြန်မာငွေ ခြောက်သိန်းခန့်) ကျသင့်ပါတယ်။

ဒီဖုန်းဟာ အခြားနိုင်ငံက ဈေးကွက်တွေကိုတောင် မိတ်မဆက်ရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်ကို မိတ်မဆက်လာခင်မှာ တရုတ်ပြည်တွင်းမှ အမျိုးသမီးဝယ်ယူသူတွေကို ဦးစားပေး ပစ်မှတ်ထားလာတဲ့ Galaxy A8s FE ဗားရှင်းအသစ်ကိုပါ ထပ်ထုတ်ပြလာခဲ့ပါတယ်။

Galaxy A8s FE ကတော့ တရုတ်နိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့မှာ မိတ်ဆက်လာမှာပါ။ ပုံထဲမှာ မြင်ရတဲ့အတိုင်း လာမယ့်လအတွင်းမှာ ရောက်လာမယ့်ဖုန်းက နှစ်ရောင်စပ်အရောင်ပြေးကာလာ နှစ်မျိုးနဲ့ ထွက်ရှိလာမှာပါ။ ပထမမော်ဒယ်က အဝါနဲ့ ပန်းရောင်ကို အရောင်ပါးပါးပြေးထားပြီး နောက်တစ်ခုကတော့ ပန်းနဲ့ အပြာရောင်တို့ ဖြစ်ပါတယ်။ ဒါက စုံတွဲတွေလည်း ဆင်တူကိုင်နိုင်အောင် ပြုလုပ်ထားသလား စဉ်းစားစရာပါ။

A8s FE ရဲ့ဈေးနှုန်းကိုတော့ အခုချိန်ထိ အတည်မပြုရသေးပါဘူး။ အထဲမှာပါတဲ့ Specs တွေကလည်း ပုံမှန်ဗားရှင်းနဲ့ အတူတူပဲလို့ ဆိုပါတယ်။ Galaxy A8s ဖုန်းဟာ 6.4” လက်မအရွယ် Infinity-O Display ပါဝင်လာပြီး Full HD+ Resolution ရရှိနိုင်မှာပါ။ Snapdragon 710 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 3,400 mAh ဘက္ထရီ ပါဝင်ပါတယ်။

Ref – Playful Droid