အမှတ်တရ အခိုက်အတန့်တွေကို စတိုင်ကျလှပပြီး စွမ်းဆောင်ရည်မြင့် ကင်မရာ လေးလုံးပါဝင်တဲ့ စမတ်ဖုန်းနှင့်အတူ မှတ်တမ်းတင်ပြီး မျှဝေလိုက်ပါ။

ရန်ကုန်၊ မြန်မာ – ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၈– Samsung Myanmar မှ စိတ်ဝင်စားဖွယ် အမှတ်တရအခိုက်အတန့်များကို ကိုယ်အမှန်တကယ်မြင်တွေ့ရသည့်အတိုင်း မှတ်တမ်းတင်၍ မျှဝေလိုသူများအတွက် ဖန်တီးထားသော စမတ်ဖုန်းသစ် Galaxy A9 အား မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသစ်ဖန်တီးထားသော Galaxy A9 တွင် ကမ္ဘာ့ပထမဆုံးသော နောက်ကင်မရာ ၄ လုံးပါဝင်ပြီး သုံးစွဲသူများအနေဖြင့် နေ့စဉ်လူနေမှုဘဝတွင် အပြည့်အဝအသုံးချနိုင်ရန် ကူညီပံ့ပိုးပေးမည့် လုပ်ဆောင်များကိုလည်းထည့်သွင်းထားတယ်လို့ သိရပါတယ်။ အဆိုပါစမတ်ဖုန်းသစ် မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သုံးစွဲသူများ စိတ်လှုပ်ရှားစွာပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်သစ်များကိုလည်း မိတ်ဆက်သွားပါတယ်။

“စမတ်ဖုန်းတီထွင်ဖန်တီးမှုတွေမှာ ကမ္ဘာ့ရှေ့ဆောင်အဖြစ်ရပ်တည်လျက်ရှိတဲ့ Samsung အနေနဲ့ စမတ်ဖုန်းတွေဟာဆိုရင် သုံးစွဲသူတွေအတွက် ဖုန်းတစ်လုံးအနေနဲ့တင်မဟုတ်ဘဲ ပိုမိုသာလွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ဖို့ လိုအပ်ပြီး အဓိပ္ပာယ်ရှိတဲ့ တီထွင်ဆန်းသစ်ချက်တွေကို တောင်းဆိုမှုတွေကလည်း မြင့်တက်လာနေတယ်ဆိုတာကို နားလည်ပါတယ်။” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့ပါတယ်။ “စမတ်ဖုန်းကင်မရာ တီထွင်ဖန်တီးမှုတွေမှာဆိုရင် Samsung ရဲ့အမွေအနှစ်တွေကို ဆက်လက်ထည့်သွင်းထားပြီး သုံးစွဲသူတွေကို ခေတ်အမီဆုံး မျိုးဆက်သစ်နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေကို အသုံးပြုစေချင်တဲ့အတွက် နောက်ဆုံးပေါ်နည်းပညာအသစ်တွေကိုလည်း ကျွန်တော်တို့ရဲ့ Galaxy ထုတ်ကုန်တွေအားလုံးမှာ စဉ်ဆက်မပြတ်မိတ်ဆက်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကတိကို သုံးစွဲသူတွေဆီအရောက် ဆောင်ကြဉ်းပေးလိုတာအတွက်လည်း ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကင်မရာ နည်းပညာကို Galaxy A9 နဲ့အတူ မြန်မာနိုင်ငံမှာ ဂုဏ်ယူစွာနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။” ဟု ကိုဇာနည်ဝင်းထက်မှဖြည့်စွက်ပြောကြားခဲ့ပါတယ်။

တီထွင်ဆန်းသစ် ထားသော ကင်မရာ လေးလုံး

Galaxy A9 အား အသုံးပြု၍ လှပသောဓာတ်ပုံများအား လွယ်ကူလျင်မြန်စွာရိုက်ယူနိုင်မည်ဖြစ်သည်။ Lens လေးခု ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ဆန်းသစ်သော တီထွင်ဖန်တီးမှုများဖြင့် ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံများကိုရိုက်ယူနိုင်ပြီး မျှဝေနိုင်မည်ဖြစ်သည်။

· 2x Optical Zoom ပါဝင်သော 10MP Telephoto ကင်မရာဖြင့် အဝေးမှနေ၍ ဓာတ်ပုံများအား အနီးကပ်ရိုက်ယူနိုင်ပြီး အသေးစိတ်မြင်တွေ့နိုင်မည် ဖြစ်သည်။

· 8MP Ultra Wide Lens နှင့်အတူ ဉာဏ်ရည်မြင့် ကင်မရာ လုပ်ဆောင်ချက် ဖြစ်သော Scene Optimizer ပါဝင်သောကြောင့် ဓာတ်ပုံအတွင်းရှိ Subject အား အလိုအလျောက် မှတ်သားနိုင်မည်ဖြစ်ပြီး မတူညီသော Mode ဆယ့်ကိုးခု အတွင်းမှ ချိန်ညှိရွေးချယ်၍ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

· 5MP Depth Lens ဖြင့် ဓာတ်ပုံများ၏ Depth of Field အား သုံးစွဲသူများကိုယ်တိုင် ချိန်ညှိနိုင်မည် ဖြစ်ပြီး လှပသောဓာတ်ပုံများအား ဓာတ်ပုံဆရာများကဲ့သို့ ကျွမ်းကျင်စွာ ရိုက်ယူနိုင်မည် ဖြစ်သည်။

· Galaxy A9 ၏ 24MP Main Lens ဖြင့် အလင်းရောင်များသည့် အချိန်တွင်ဖြစ်စေ၊ အလင်းရောင်အားနည်းသည့်အချိန်တွင်ဖြစ်စေ ကြည်လင်ပြတ်သားသော ဓာတ်ပုံများကို မည်သည့်အချိန်တွင်မဆို ရိုက်ယူနိုင်မည်ဖြစ်သည်။

တစ်နေ့တာလုံးဆောင်ရွက်နိုင်မည့် စွမ်းအားမြင့်လုပ်ဆောင်ချက်အသစ်များ

Galaxy A9 တွင်ပါဝင်သည့် 3800 mAh ဘက်ထရီ အား သုံးစွဲသူများ အနေဖြင့် အကန့်အသတ်မရှိ ကြာရှည်ခံသော စွမ်းဆောင်ရည်ကို အသုံးပြုနိုင်ရန်ဖန်တီးပေးထားသည်။ ဖုန်းတွင်းမှတ်ဉာဏ် 128 GB ပါဝင်ပြီး 512 GB အထိ တိုးမြှင့်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် Galaxy A9 သုံးစွဲသူများသည် ဓာတ်ပုံများအား အကန့်သတ်မရှိ ရိုက်ယူသိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ Octa-Core Processor နှင့် 6GB 8GB RAM အား ထည့်သွင်းထားသောကြောင့် Live-streaming လုပ်နေသည်ဖြစ်စေ၊ လုပ်ဆောင်ချက် အများအပြားအား တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသည်ဖြစ်စေ စွမ်းဆောင်ရည်အရှိန်မှာ လျော့ကျသွားခြင်မရှိဘဲ အပြည့်အဝစွမ်းဆောင်ပေးမည်ဖြစ်သည်။

ထိပ်တန်း ဒီဇိုင်း

Galaxy A9 ၏ ၆.၃ လက်မ Super AMOLED အဆုံးအစမဲ့ မျက်နှာပြင်ကြောင့် မြင်ကွင်း နှင့် ဓာတ်ပုံများအားလုံးကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။ Samsung ၏ ထိပ်တန်း ဒီဇိုင်းအမွေအနှစ်ကို အားဆက်လက်ထည့်သွင်းထားပြီး Galaxy A9 တွင်လည်း ထူးခြားဆန်းသစ်သော ရောင်ပြေး အရောင်သုံးမျိုး ဖြစ်သည့် အမည်းရောင် (Caviar Black)၊ အပြာရောင် (Lemonade Blue) နှင့် ပန်းရောင် (Bubblegum Pink) တို့ပါဝင်သည်။ ကျော့ရှင်းလှပပြီး မြဲမြံစွာကိုင်တွယ်နိုင်သော ဒီဇိုင်းနှင့်အတူ ဖုန်းအနောက်ဘက်တွင် 3D ဖန်သားပြင် မျက်နှာပြင်ကွေးအား အသုံးပြုထားသောကြောင့် လက်အတွင်း အဆင်ပြေစွာ ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်သည်။

Social Media အစီအစဉ်များ

အဆိုပါစမတ်ဖုန်းသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar သည် Samsung Brand Ambassador ဖွေးဖွေးနှင့်ပူးပေါင်း၍ Samsung ချစ်သူများ နှင့် ဖွေးဖွေး၏ ချစ်ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များကိုလည်း လုပ်ဆောင်လျက်ရှိသည်။ (အသေးစိတ်ကို Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် ထပ်မံအသိပေးကြေညာသွားမည်ဖြစ်သည်။)

ထို့အပြင် Samsung Myanmar သည် မြန်မာလူငယ်များအကြား လူသိများသော Couple Influencer ဖြစ်သည့် သူရိန်ကျော်မိုးနှင့် Christina Lim တို့နှင့်ပူးပေါင်း၍လည်း ကော့သောင်းမြို့အနီးတစ်ဝိုက်တွင် Galaxy A9 အားအသုံးပြု၍ ရိုက်ယူထားသော ခရီးသွားမှတ်တမ်းများကိုလည်း ပြုလုပ်ဖန်တီးသွားမည်ဖြစ်သည်။ ကော့သောင်းမြို့အနီးတစ်ဝိုက်ရှိ လှပသော ကမ်းခြေများ နှင့် လူသူအရောက်အပေါက်နည်းပြီးလှပသည့်ကျွန်းများကို သွားရောက်စူးစမ်းလေ့လာခဲ့ပြီး Galaxy A9 အသုံးပြု၍ ဓာတ်ပုံများရိုက်ယူရာတွင် ရရှိခဲ့သော အတွေ့အကြုံများကို ပြန်လည်မျှဝေသွားမည်ဖြစ်သည်။

အော်ပရေတာ အစီအစဉ်

Galaxy A9 စမတ်ဖုန်းသစ်မိတ်ဆက်မှုနှင့်အတူ Samsung Myanmar မှ MyTel နှင့်ပူးပေါင်း၍ Galaxy A9 ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အဖြစ် ဒေတာအသုံးပြုမှု 48 GB၊ စာတိုမက်ဆေ့ခ်ျပေးပို့မှု အစောင်ရေ ၂၄၀၀ အား လစဉ် အနည်းဆုံး ၁၀၀၀၀ ကျပ်အား ဖြည့်သွင်းရုံဖြင့် တစ်နှစ်ဆက်တိုက် ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတစ်ဝှမ်း ဝယ်ယူရရှိနိုင်မှု

Samsung Galaxy A9 အား တမူထူးခြားပြီး ဆွဲဆောင်မှုရှိသည့် အပြာရောင်၊ ပန်းရောင်နှင့် အနက်ရောင်များဖြင့် ဝယ်ယူနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းဆိုင်များနှင့် လက်လီဆိုင်များ ဈေးနှုန်း မြန်မာငွေ ၈၈၀၀၀၀ ကျပ်ဖြင့် ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၈ ခုနှစ်မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။