[Zawgyi]

Samsung က 5G Smartphone ၃ လံုးကို ထုတ္လုပ္ေရာင္းခ်ထားၿပီး Galaxy S10 5G , Galaxy Note 10 5G နဲ႔ Galaxy Note 10+ 5G တို႔ ျဖစ္ပါတယ္။ အခုေတာ့  Galaxy A90 5G ကို ေၾကညာလိုက္ၿပီျဖစ္ၿပီး ကုမၸဏီရဲ႕ ပထမဆံုး A စီးရီး 5G Smartphone ျဖစ္လာပါတယ္။ Galaxy A90 5G မွာ Snapdragon 855 SoC , 6GB or 8GB RAM , 128GB Storage နဲ႔ Android Pie ေတြ ထည့္သြင္းထားပါတယ္။ 6GB RAM Model မွာ 512GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏိုင္ပါတယ္။

အဲဒီ စမတ္ဖုန္းမွာ ၆.၇ လက္မ FHD+ Super AMOLED Infinity-U Display ထည့္သြင္းထားၿပီး အရြယ္ေသး Notch မွာ 32MP Selfie Camera တပ္ဆင္ထားပါတယ္။ Display ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။ အေနာက္ဘက္ကို ဖန္နဲ႔ ဖံုးအုပ္ထားၿပီး Geometric Pattern ပါပါတယ္။ 48MP Main , 8MP Ultra-wide နဲ႔ 5MP Depth Sensors ေတြကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ အေနာက္ကင္မရာေတြမွာ Super Steady, Scene Optimizer , Flaw Detector နဲ႔ အေရွ႕ ကင္မရာမွာ Live Focus Mode လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။

Galaxy A90 5G ဟာ Samsung DeX ကို ေထာက္ပံ့တဲ့ ပထမဆံုး A Series Smartphone ျဖစ္လာပါတယ္။ အနက္နဲ႔ အျဖဴေရာင္ေတြ ထုတ္လုပ္ထားၿပီး 25W Fast Charging ပါတဲ့ 4,500mAh Battery ထည့္ထားပါတယ္။ ေဈးႏႈန္းကို Samsung က တရားဝင္ ထုတ္ျပန္ေၾကညာထားျခင္း မရွိေသးေပမယ့္ ေတာင္ကိုရီးယားသတင္းမီဒီယာတစ္ခုကေတာ့ ဝမ္ ၉သိန္း ( ျမန္မာေငြ ၁၁သိန္း ဝန္းက်င္) ကေန စတင္က်သင့္ႏိုင္တယ္လို႔ ဆိုပါတယ္။ မနက္ျဖန္မွာ  Galaxy A90 5G ကို ေတာင္ကိုရီးယားမွာ  ေရာင္းခ်မွာ ျဖစ္ၿပီး ေနာက္ပိုင္းမွာ အျခားႏုိင္ငံေတြမွာ ၀ယ္ယူႏုိင္မွာပါ။

Ref : gsmarena

[Unicode]

Snapdragon 855 နဲ့ 48MP Camera ပါတဲ့ Samsung Galaxy A90 5G ကို ကြေညာပြီ

Samsung က 5G Smartphone ၃ လုံးကို ထုတ်လုပ်ရောင်းချထားပြီး Galaxy S10 5G , Galaxy Note 10 5G နဲ့ Galaxy Note 10+ 5G တို့ ဖြစ်ပါတယ်။ အခုတော့ Galaxy A90 5G ကို ကြေညာလိုက်ပြီဖြစ်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး  A စီးရီး 5G Smartphone ဖြစ်လာပါတယ်။ Galaxy A90 5G မှာ Snapdragon 855 SoC , 6GB or 8GB RAM , 128GB Storage နဲ့ Android Pie တွေ ထည့်သွင်းထားပါတယ်။ 6GB RAM Model မှာ 512GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

အဲဒီ စမတ်ဖုန်းမှာ ၆.၇ လက်မ FHD+ Super AMOLED Infinity-U Display ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 32MP Selfie Camera တပ်ဆင်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး Geometric Pattern ပါပါတယ်။ 48MP Main , 8MP Ultra-wide နဲ့ 5MP Depth Sensors တွေကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာတွေမှာ Super Steady, Scene Optimizer , Flaw Detector နဲ့ အရှေ့ ကင်မရာမှာ Live Focus Mode လုပ်ဆောင်ချက်တွေ ပါပါတယ်။

Galaxy A90 5G ဟာ Samsung DeX ကို ထောက်ပံ့တဲ့ ပထမဆုံး A Series Smartphone ဖြစ်လာပါတယ်။ အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 25W Fast Charging ပါတဲ့ 4,500mAh Battery ထည့်ထားပါတယ်။ ဈေးနှုန်းကို Samsung က တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေမယ့် တောင်ကိုရီးယားသတင်းမီဒီယာတစ်ခုကတော့ ဝမ် ၉သိန်း ( မြန်မာငွေ ၁၁သိန်း ဝန်းကျင်) ကနေ စတင်ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။ မနက်ဖြန်မှာ Galaxy A90 5G ကို တောင်ကိုရီးယားမှာ ရောင်းချမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အခြားနိုင်ငံတွေမှာ ဝယ်ယူနိုင်မှာပါ။

Ref : gsmarena