[Zawgyi]

Galaxy A90 5G ဟာ Samsung ရဲ႕ Galaxy A စီးရီးမွာေတာ့ ထိပ္တန္းဖုန္းတစ္လုံးျဖစ္လာပါလိမ့္မယ္။ Galaxy A90 5G ဟာ ၿပီးခဲ့တဲ့ လတုန္းကတည္းက Geekbench ေပၚေရာက္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ Snapdragon 855 သုံးထားၿပီး 6GB RAM နဲ႔ဆိုတာကိုလည္း သိၿပီးထားၿပီ ျဖစ္မွာပါ။

ၾသဂုတ္လ တစ္ရက္ေန႔မွာေတာ့ Galaxy A90 5G ကို Wi-Fi Alliance မွာ တစ္ခါထပ္ၿပီး ေတြ႕ရျပန္ပါၿပီ။ SM-A908B ေမာ္ဒယ္နံပါတ္နဲ႔ ေပၚေပါက္လာတာျဖစ္ပါတယ္။ ဒါေၾကာင့္ Samsung အေနနဲ႔ Galaxy A90 5G ကို သိပ္မၾကာခင္မွာ မိတ္ဆက္ေတာ့မယ္ဆိုတာ ပိုၿပီးေသခ်ာသြားၿပီလို႔ ေျပာႏိုင္ပါတယ္။

Wi-Fi Alliance ရဲ႕ အသိအမွတ္ျပဳမႈမွာေတာ့ Samsung Galaxy A90 5G နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို သိပ္ၿပီး ေတြ႕ျမင္ရျခင္း မရွိပါဘူး။ ဒါေပမယ့္္ ဒီဖုန္းဟာ Android 9 Pie ေမာင္းႏွင္မယ္၊ Dual-band Wi-Fi 802.11 ac ေထာက္ပံ့ထားမယ္ ဆိုတာေတာ့ ေတြ႕ျမင္ရပါတယ္။

ထြက္ခဲ့ၿပီးသား ေကာလာဟလသတင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ Galaxy A90 5G ဟာ 48MP + 12MP + 5MP ကင္မရာသုံးလုံးကို တပ္ဆင္ထားၿပီး “Tilt OIS” feature လည္း ပါဝင္မယ္လို႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ေကာလာဟလအခ်ိဳ႕မွာေတာ့ Galaxy A80 လိုမ်ိဳး Flip-Up ကင္မရာသုံးထားမယ္လို႔ ေဖာ္ျပထားေပမယ့္ A90 ႏွစ္မ်ိဳးလုံးဟာ ပုံမွန္ Non-motorized ပဲ ျဖစ္လာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဘယ္သတင္းက မွန္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Galaxy A90 4G အမ်ိဳးအစားကေတာ့ SM-A905 ေမာ္ဒယ္နံပါတ္နဲ႔ျဖစ္ၿပီး မတူညီတဲ့ ကင္မရာတပ္ဆင္ပုံနဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးဟာ 48MP + 8MP + 5MP ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Galaxy A90 ႏွစ္မ်ိဳးစလုံးဟာ 6.7-inch Infinity-U Super AMOLED မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး FHD+ resolutions ေတြနဲ႔လို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

Wi-Fi Alliance မှာ ခွင့်ပြုချက်ရခဲ့ပြီဖြစ်တဲ့ Samsung Galaxy A90 5G

Galaxy A 90 5G ဟာ Samsung ရဲ့ Galaxy A စီးရီးမှာတော့ ထိပ်တန်းဖုန်းတစ်လုံးဖြစ်လာပါလိမ့်မယ်။ Galaxy A90 5G ဟာ ပြီးခဲ့တဲ့ လတုန်းကတည်းက Geekbench ပေါ်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် Snapdragon 855 သုံးထားပြီး 6GB RAM နဲ့ဆိုတာကိုလည်း သိပြီးထားပြီ ဖြစ်မှာပါ။

သြဂုတ်လ တစ်ရက်နေ့မှာတော့ Galaxy A90 5G ကို Wi-Fi Alliance မှာ တစ်ခါထပ်ပြီး တွေ့ရပြန်ပါပြီ။ SM-A908B မော်ဒယ်နံပါတ်နဲ့ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ Galaxy A90 5G ကို သိပ်မကြာခင်မှာ မိတ်ဆက်တော့မယ်ဆိုတာ ပိုပြီးသေချာသွားပြီလို့ ပြောနိုင်ပါတယ်။

Wi-Fi Alliance ရဲ့ အသိအမှတ်ပြုမှုမှာတော့ Samsung Galaxy A90 5G နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိပ်ပြီး တွေ့မြင်ရခြင်း မရှိပါဘူး။ ဒါပေမယ့်် ဒီဖုန်းဟာ Android 9 Pie မောင်းနှင်မယ်၊ Dual-band Wi-Fi 802.11 ac ထောက်ပံ့ထားမယ် ဆိုတာတော့ တွေ့မြင်ရပါတယ်။

ထွက်ခဲ့ပြီးသား ကောလာဟလသတင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Galaxy A90 5G ဟာ 48MP + 12MP + 5MP ကင်မရာသုံးလုံးကို တပ်ဆင်ထားပြီး “Tilt OIS” feature လည်း ပါဝင်မယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ကောလာဟလအချို့မှာတော့ Galaxy A80 လိုမျိုး Flip-Up ကင်မရာသုံးထားမယ်လို့ ဖော်ပြထားပေမယ့် A90 နှစ်မျိုးလုံးဟာ ပုံမှန် Non-motorized ပဲ ဖြစ်လာမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဘယ်သတင်းက မှန်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Galaxy A90 4G အမျိုးအစားကတော့ SM-A905 မော်ဒယ်နံပါတ်နဲ့ဖြစ်ပြီး မတူညီတဲ့ ကင်မရာတပ်ဆင်ပုံနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးဟာ 48MP + 8MP + 5MP ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Galaxy A90 နှစ်မျိုးစလုံးဟာ 6.7-inch Infinity-U Super AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး FHD+ resolutions တွေနဲ့လို့ သိရပါတယ်။

Ref: GSM Arena