[Zawgyi]





Ref : gsmarena

[Unicode]

Samsung Galaxy A90 5G ရဲ့ ဘူးခွံနဲ့ Key Specs တွေ ထွက်ပေါ်လာ

Samsung Galaxy A90 5G ရဲ့ ပိုစတာ ၁ ခု မကြာခင်က ထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို မြင်ခဲ့ရပါတယ်။ အခုတော့ ဘူးခွံ ဓါတ်ပုံ ထွက်ပေါ်လာပြီး ဘူးခွံမှာ ဖုန်း ဒီဇိုင်းနဲ့ Key Specs တွေကို ဖော်ပြထားပါတယ်။ Galaxy A90 5G မှာ 6GB RAM , 128GB Storage နဲ့ Octa-core Processor ထည့်သွင်းထားမယ်လို့ ဘူးခွံမှာ ဖော်ပြထားပါတယ်။ Processor ဟာ Qualcomm Snapdragon 855 SoC ဖြစ်နိုင်ပါတယ်။

အဲဒီ စမတ်ဖုန်းမှာ FullHD+ Infinity-U Super AMOLED Display ထည့်သွင်းထားနိုင်ပြီး အရွယ်အစားဟာ ၆.၇ လက်မ ဖြစ်နိုင်ပါတယ်။ 32MP Selfie Camera ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 48MP , 5MP နဲ့ 8MP Cameras တွေ ဖြစ်ပါတယ်။

ဘူးခွံမှာ ဘက်ထရီ ပမာဏကို မပြသထားပါဘူး။ ဒါပေမယ့် 25W Fast Charging ပါလာမယ်လို့တော့ ဖော်ပြထားပါတယ်။ Samsung ကတော့ Galaxy A90 5G အကြောင်းကို မပြောသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။

Samsung က စွမ်းရည်မြင့် Galaxy S Series မဟုတ်တဲ့ 5G Phone ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေ မကြာခင်က ထွက်ခဲ့ပါတယ်။ အဲဒီ ဖုန်းက Galaxy A90 5G ဖြစ်ပါတယ်။ မကြာခင်ကလည်း အဲဒီ စမတ်ဖုန်းရဲ့ ပိုစတာ ၁ ခုထွက်ပေါ်လာပါတယ်။ ပိုစတာမှာ ဖုန်းရဲ့ အရှေ့နဲ့ အနောက်ဘက်ကို မြင်ရပါတယ်။ သူ့မှာ Infinity Display ပါပြီး Waterdrop Notch ထည့်ထားပါတယ်။ မျက်နှာပြင် ဧရိယာ အချိုးက မြင့်မားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ကင်မရာတွေအောက်မှာ LED Flash ပါပါတယ်။

Ref : gsmarena