[Zawgyi]

Galaxy A90 နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ ေဖေဖာ္ဝါရီလဆန္းေလာက္ကတည္းက ဟိုတစ္စ၊ ဒီတစ္စနဲ႔ ထြက္ေပၚေနခဲ့တာပါ။ Notch မပါဝင္တဲ့ အျပင္ Punch-hole လည္း မပါဝင္တဲ့ စမတ္ဖုန္းတစ္လုံးအျဖစ္ ထြက္ေပၚလာမယ္ဆိုတဲ့ သတင္းေတြက Galaxy A 90 နဲ႔ ပတ္သက္တဲ့သတင္းေတြထဲမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးလည္း ျဖစ္ပါတယ္။

မတ္လေနာက္ဆုံးပတ္မွာ ထြက္ေပၚလာခဲ့တဲ့သတင္းမွာေတာ့ Galaxy A90 ဟာ 6.73-inch မ်က္ႏွာျပင္အ႐ြယ္အစားနဲ႔ ျဖစ္တယ္လို႔ သိခဲ့ရပါတယ္။ ကင္မရာပိုင္းနဲ႔ ပတ္သက္ရင္ ေက်ာဘက္မွာ ကင္မရာသုံးလုံးတပ္ဆင္ထားမယ္ဆိုတာကေတာ့ အခုထိ အေျပာင္းအလဲ မရွိေသးတာကိုလည္း ေတြ႕ရပါတယ္။

ေက်ာဘက္ကင္မရာသုံးလုံးဟာ 48MP+12MP+5MP ေတြျဖစ္ၾကမယ္လို႔ ေကာလာဟလထြက္ထားသလို Exclusive feature တစ္ခုျဖစ္တဲ့ Tilt OIS လည္း ပါဝင္လာမယ္လို႔လည္း သတင္းထြက္ထားပါတယ္။ အျခားမ်ိဳးကြဲတစ္ခုကေတာ့ 48MP+8MP+5MP ကင္မရာေတြ ျဖစ္ႏိုင္တယ္လို႔လည္း ဆိုၾကပါေသးတယ္။ ဘယ္လိုပဲဆိုဆို ဒီသတင္းေတြအားလုံးက တရားဝင္လည္းမဟုတ္ေသးသလို၊ ခိုင္လုံတဲ့သက္ေသနဲ႔တစ္ကြလည္း မဟုတ္ၾကေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ Galaxy A90 ဟာ Slider မပါဝင္ဖို႔ ရာႏႈန္းအေတာ္မ်ားမ်ား ေသခ်ာေနၿပီျဖစ္ပါတယ္။ ေက်ာဘက္က ပုံမွန္အတိုင္း ျဖစ္ပါတယ္။ အေရွ႕ဘက္မ်က္ႏွာျပင္ကလည္း အမ်ားစုေျပာေနၾကသလို Notch-less ျဖစ္ႏိုင္ဖို႔အားေကာင္းေနေပမယ့္ အခ်ိဳ႕မီဒီယာေတြကေတာ့ Infinity-U Display နဲ႔လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ အခုျမင္ေတြ႕ရတဲ့ပုံမွာေတာ့ မ်က္ႏွာျပင္အေနအထားဟာ Notch-less အေနအထားကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရမွာပါ။

မ်က္ႏွာျပင္ျပည့္ျဖစ္မယ္ဆိုရင္ေတာ့ Galaxy A90 ဟာ Pop-up နဲ႔ထြက္လာဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။ ကနဦသတင္းေတြမွာ Slider လည္းျဖစ္ႏိုင္တယ္လို႔ ေရးသားေဖာ္ျပၾကေပမယ့္ အခုအခ်ိန္မွာေတာ့ ေမ့လိုက္ရမွာပါ။ Pop-up ကင္မရာကို ဒီပုံမွာ ထင္ထင္ရွားရွားမျမင္ရေပမယ့္ အလယ္တည့္တည့္မွာေတာ့ Pop-up ကင္မရာအတြက္လို႔ ယူဆရတဲ့ ဖြဲ႕စည္းပုံကို ေတြ႕ျမင္ရပါတယ္။

မတ္လတုန္းက ထြက္ေပၚလာတဲ့ ႐ုပ္ပုံေတြမွာေတာ့ Galaxy A90 ရဲ႕ Pop-up ကင္မရာဟာ အလယ္မွာ မဟုတ္ဘဲ ဘယ္ဘက္အျခမ္းမွာ ရွိေနတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ UD fingerprint ရွိေနတယ္လို႔ ျပသထားတာေၾကာင့္ အျခား တန္ဖိုးျမင့္ A-series ဖုန္းေတြအတိုင္းပဲလို႔ ဆိုရပါလိမ့္မယ္။

Ref: GSMArena

[Unicode]

Samsung Galaxy A90 ဟာ ကျောဘက်ကင်မရာသုံးလုံးနဲ့ဖြစ်ကြောင်း အတည်ပြုနိုင်ပြီ

Galaxy A90 နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ဖေဖော်ဝါရီလဆန်းလောက်ကတည်းက ဟိုတစ်စ၊ ဒီတစ်စနဲ့ ထွက်ပေါ်နေခဲ့တာပါ။ Notch မပါဝင်တဲ့ အပြင် Punch-hole လည်း မပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ထွက်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေက Galaxy A 90 နဲ့ ပတ်သက်တဲ့သတင်းတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးလည်း ဖြစ်ပါတယ်။

မတ်လနောက်ဆုံးပတ်မှာ ထွက်ပေါ်လာခဲ့တဲ့သတင်းမှာတော့ Galaxy A90 ဟာ 6.73-inch မျက်နှာပြင်အရွယ်အစားနဲ့ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ကင်မရာပိုင်းနဲ့ ပတ်သက်ရင် ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားမယ်ဆိုတာကတော့ အခုထိ အပြောင်းအလဲ မရှိသေးတာကိုလည်း တွေ့ရပါတယ်။

ကျောဘက်ကင်မရာသုံးလုံးဟာ 48MP+12MP+5MP တွေဖြစ်ကြမယ်လို့ ကောလာဟလထွက်ထားသလို Exclusive feature တစ်ခုဖြစ်တဲ့ Tilt OIS လည်း ပါဝင်လာမယ်လို့လည်း သတင်းထွက်ထားပါတယ်။ အခြားမျိုးကွဲတစ်ခုကတော့ 48MP+8MP+5MP ကင်မရာတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါသေးတယ်။ ဘယ်လိုပဲဆိုဆို ဒီသတင်းတွေအားလုံးက တရားဝင်လည်းမဟုတ်သေးသလို၊ ခိုင်လုံတဲ့သက်သေနဲ့တစ်ကွလည်း မဟုတ်ကြသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Galaxy A90 ဟာ Slider မပါဝင်ဖို့ ရာနှုန်းအတော်များများ သေချာနေပြီဖြစ်ပါတယ်။ ကျောဘက်က ပုံမှန်အတိုင်း ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာပြင်ကလည်း အများစုပြောနေကြသလို Notch-less ဖြစ်နိုင်ဖို့အားကောင်းနေပေမယ့် အချို့မီဒီယာတွေကတော့ Infinity-U Display နဲ့လို့ ဆိုကြပါတယ်။ ဒါပေမယ့် အခုမြင်တွေ့ရတဲ့ပုံမှာတော့ မျက်နှာပြင်အနေအထားဟာ Notch-less အနေအထားကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။

မျက်နှာပြင်ပြည့်ဖြစ်မယ်ဆိုရင်တော့ Galaxy A90 ဟာ Pop-up နဲ့ထွက်လာဖို့ ရာခိုင်နှုန်းများပါတယ်။ ကနဦသတင်းတွေမှာ Slider လည်းဖြစ်နိုင်တယ်လို့ ရေးသားဖော်ပြကြပေမယ့် အခုအချိန်မှာတော့ မေ့လိုက်ရမှာပါ။ Pop-up ကင်မရာကို ဒီပုံမှာ ထင်ထင်ရှားရှားမမြင်ရပေမယ့် အလယ်တည့်တည့်မှာတော့ Pop-up ကင်မရာအတွက်လို့ ယူဆရတဲ့ ဖွဲ့စည်းပုံကို တွေ့မြင်ရပါတယ်။

မတ်လတုန်းက ထွက်ပေါ်လာတဲ့ ရုပ်ပုံတွေမှာတော့ Galaxy A90 ရဲ့ Pop-up ကင်မရာဟာ အလယ်မှာ မဟုတ်ဘဲ ဘယ်ဘက်အခြမ်းမှာ ရှိနေတာ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ UD fingerprint ရှိနေတယ်လို့ ပြသထားတာကြောင့် အခြား တန်ဖိုးမြင့် A-series ဖုန်းတွေအတိုင်းပဲလို့ ဆိုရပါလိမ့်မယ်။

Ref: GSMArena