[Zawgyi]

ၾသဂုတ္ ၂ ရက္ေန႔တုန္းက Samsung Galaxy A90 5G ဟာ Wi-Fi Alliance မွာ ခြင့္ျပဳခ်က္ရခဲ့ေၾကာင္း သတင္းေဖာ္ျပခဲ့ပါတယ္။ ၾသဂုတ္လ ၁၀ ရက္ေန႔မွာေတာ့ Galaxy A90 5G ဟာ Bluetooth အသိအမွတ္ျပဳမႈ ရရွိေၾကာင္းသတင္း ထြက္ေပၚလာခဲ့ျပန္ပါတယ္။

ေနာက္ထပ္ သုံးရက္အၾကာမွာေတာ့ Samsung Galaxy A90 5G ဟာ ကိုရီးယား အမ်ိဳးသား ေရဒီယိုသုေတသန ေအဂ်င္စီ (NRRA) ရဲ႕ ေထာက္ခံအတည္ျပဳမႈကို ရရွိခဲ့ျပန္ပါတယ္။ ေမာ္ဒယ္နံပါတ္ SM-A908N နဲ႔ျဖစ္ၿပီး ဒါဟာ 5G အမ်ိဳးအစား ျဖစ္တယ္လို႔ သိရပါတယ္။ ေမာ္ဒယ္နံပါတ္ SM A908B ကေတာ့ 4G အမ်ိဳးအစားလို႔ သိရပါတယ္။

Samsung Galaxy A90 ရဲ႕ 5G ေရာ 4G ဟန္းဆက္ႏွစ္ခုစလုံးဟာ Snapdragon 855 Chipset ေတြကို အသုံးျပဳထားမယ္လို႔လည္း သိရပါတယ္။ တြဲဖက္ေပးထားမယ့္ မန္မိုရီကေတာ့ 6G of RAM ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ႏွစ္မ်ိဳးစလုံးဟာ 6.7-inch Infinity-U Super AMOLED မ်က္ႏွာျပင္အမ်ိဳးအစားေတြျဖစ္ၾကၿပီး FHD+ resolution ေတြလည္း ျဖစ္ၾကမယ္လို႔ သိရပါတယ္။

Samsung Galaxy A90 ရဲ႕ 5G နဲ႔ 4G အမ်ိဳးအစားႏွစ္မ်ိဳးၾကား ကြာျခားခ်က္အျဖစ္ ကင္မရာပိုင္းမွာ သိသိသာသာ ေတြ႕ျမင္ရဖြယ္ရွိပါတယ္။ 5G အမ်ိဳးအစား ဟန္းဆက္မွာေတာ့ 48MP+12MP+5MP ေတြကို ေတြ႕ျမင္ရဖြယ္ရွိၿပီး 4G အမ်ိဳးအစား ဟန္းဆက္မွာေတာ့ 48MP+8MP+5MP ကင္မရာသုံးလုံးကို ေတြ႕ျမင္ရဖြယ္ရွိေနတာပါ။

Ref: GSM Arena

[Unicode]

ကိုရီးယားမှာ Certified ရသွားပြီဖြစ်တဲ့ Samsung Galaxy A90

သြဂုတ် ၂ ရက်နေ့တုန်းက Samsung Galaxy A90 5G ဟာ Wi-Fi Alliance မှာ ခွင့်ပြုချက်ရခဲ့ကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာတော့ Galaxy A90 5G ဟာ Bluetooth အသိအမှတ်ပြုမှု ရရှိကြောင်းသတင်း ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

နောက်ထပ် သုံးရက်အကြာမှာတော့ Samsung Galaxy A90 5G ဟာ ကိုရီးယား အမျိုးသား ရေဒီယိုသုတေသန အေဂျင်စီ (NRRA) ရဲ့ ထောက်ခံအတည်ပြုမှုကို ရရှိခဲ့ပြန်ပါတယ်။ မော်ဒယ်နံပါတ် SM-A908N နဲ့ဖြစ်ပြီး ဒါဟာ 5G အမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။ မော်ဒယ်နံပါတ် SM A908B ကတော့ 4G အမျိုးအစားလို့ သိရပါတယ်။

Samsung Galaxy A90 ရဲ့ 5G ရော 4G ဟန်းဆက်နှစ်ခုစလုံးဟာ Snapdragon 855 Chipset တွေကို အသုံးပြုထားမယ်လို့လည်း သိရပါတယ်။ တွဲဖက်ပေးထားမယ့် မန်မိုရီကတော့ 6G of RAM ဖြစ်တယ်လို့လည်း ဆိုပါတယ်။ နှစ်မျိုးစလုံးဟာ 6.7-inch Infinity-U Super AMOLED မျက်နှာပြင်အမျိုးအစားတွေဖြစ်ကြပြီး FHD+ resolution တွေလည်း ဖြစ်ကြမယ်လို့ သိရပါတယ်။

Samsung Galaxy A90 ရဲ့ 5G နဲ့ 4G အမျိုးအစားနှစ်မျိုးကြား ကွာခြားချက်အဖြစ် ကင်မရာပိုင်းမှာ သိသိသာသာ တွေ့မြင်ရဖွယ်ရှိပါတယ်။ 5G အမျိုးအစား ဟန်းဆက်မှာတော့ 48MP+12MP+5MP တွေကို တွေ့မြင်ရဖွယ်ရှိပြီး 4G အမျိုးအစား ဟန်းဆက်မှာတော့ 48MP+8MP+5MP ကင်မရာသုံးလုံးကို တွေ့မြင်ရဖွယ်ရှိနေတာပါ။

Ref: GSM Arena