[Zawgyi]

စမတ္ဖုန္းေတြရဲ႕ မ်က္ႏွာျပင္ကို လုံးဝအျပည့္ျဖစ္ေအာင္ျပဳလုပ္ဖို႔ဆိုရင္ နားေထာင္ခြက္စပီကာကို ဖယ္ထုတ္လို႔ရေပမယ့္ အေရွ႕ကင္မရာအတြက္ေနရာကေတာ့ အေတာ္ေလးကို ဖယ္ထုတ္ဖို႔ခက္ခဲပါတယ္။ ဒီအတြက္ Slider ေတြ Pop-up ေတြကို အသုံးျပဳခဲ့ၾကရပါတယ္။

Samsung ကေတာ့ Galaxy S10 Series ကို Notch မသုံးဘဲ Punch-hole ေတြနဲ႔ပဲ ထုတ္လုပ္လာခဲ့ပါတယ္။ Punch-hole ဟာ မ်က္ႏွာျပင္ရဲ႕ ေထာင့္မွာေတာ့ အနည္းငယ္ ေနရာေပးထားရတာေၾကာင့္ ၿပီးျပည့္စုံတဲ့ မ်က္ႏွာျပင္၊ တနည္းအားျဖင့္ အျပစ္အနာအဆာကင္းတဲ့ မ်က္ႏွာျပင္လို႔ေတာ့ ေျပာလို႔မရပါဘူး။

အခုေတာ့ Samsung လည္း Pop-up ကင္မရာသုံးၿပီး အျပစ္အနာအဆာကင္းတဲ့ မ်က္ႏွာျပင္နဲ႔ဖုန္းကို ထုတ္လုပ္ဖို႔ ႀကံ႐ြယ္ေနၿပီလားလို႔ ေမးရေတာ့မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့Twitter ရဲ႕ နာမည္ႀကီး Tipster ျဖစ္တဲ့ Ice Universe က Samsung Galaxy A90 ဟာ Pop-up ကင္မရာနဲ႔ထုတ္လုပ္မယ္လို႔ ေျပာလိုက္တာေၾကာင့္ပါပဲ။

“A90 ကို ၿပီးျပည့္စုံတယ္လို႔ ဘာျဖစ္လို႔ေျပာရသလဲဆိုတဲ့အေျဖကေတာ့ Galaxy A90 ဟာ Samsung ရဲ႕ ပထမဆုံး Pop-up ကင္မရာနဲ႔ ဖုန္းျဖစ္လာမွာမို႔လို႔ပဲ။ ဒီေတာ့ မ်က္ႏွာျပင္က Notch လည္းမရွိ၊ Hole လည္းမပါဘဲနဲ႔ ၿပီးျပည့္စုံသြားတာေပါ့။” ဆိုၿပီး ေရးသား သြားပါတယ္။ Ice Universe ဆိုတာကလည္း ေပါက္ၾကားသတင္းေတြနဲ႔ပတ္သက္ရင္ အေတာ္ေလးကို ယုံၾကည္စိတ္ခ်ရတဲ့ ရင္းျမစ္တစ္ခုျဖစ္တာေၾကာင့္ စိတ္ဝင္စားဖို႔ေတာ့ ေကာင္းေနၿပီျဖစ္ပါတယ္။

Ref: Phonearena

[Unicode]

Samsung Galaxy A90 ဟာ Pop-Up ကင်မရာနဲ့ဖြစ်ကြောင်း သတင်းထွက်ပေါ်

စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်ကို လုံးဝအပြည့်ဖြစ်အောင်ပြုလုပ်ဖို့ဆိုရင် နားထောင်ခွက်စပီကာကို ဖယ်ထုတ်လို့ရပေမယ့် အရှေ့ကင်မရာအတွက်နေရာကတော့ အတော်လေးကို ဖယ်ထုတ်ဖို့ခက်ခဲပါတယ်။ ဒီအတွက် Slider တွေ Pop-up တွေကို အသုံးပြုခဲ့ကြရပါတယ်။

Samsung ကတော့ Galaxy S10 Series ကို Notch မသုံးဘဲ Punch-hole တွေနဲ့ပဲ ထုတ်လုပ်လာခဲ့ပါတယ်။ Punch-hole ဟာ မျက်နှာပြင်ရဲ့ ထောင့်မှာတော့ အနည်းငယ် နေရာပေးထားရတာကြောင့် ပြီးပြည့်စုံတဲ့ မျက်နှာပြင်၊ တနည်းအားဖြင့် အပြစ်အနာအဆာကင်းတဲ့ မျက်နှာပြင်လို့တော့ ပြောလို့မရပါဘူး။

အခုတော့ Samsung လည်း Pop-up ကင်မရာသုံးပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာပြင်နဲ့ဖုန်းကို ထုတ်လုပ်ဖို့ ကြံရွယ်နေပြီလားလို့ မေးရတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့Twitter ရဲ့ နာမည်ကြီး Tipster ဖြစ်တဲ့ Ice Universe က Samsung Galaxy A90 ဟာ Pop-up ကင်မရာနဲ့ထုတ်လုပ်မယ်လို့ ပြောလိုက်တာကြောင့်ပါပဲ။

“A90 ကို ပြီးပြည့်စုံတယ်လို့ ဘာဖြစ်လို့ပြောရသလဲဆိုတဲ့အဖြေကတော့ Galaxy A90 ဟာ Samsung ရဲ့ ပထမဆုံး Pop-up ကင်မရာနဲ့ ဖုန်းဖြစ်လာမှာမို့လို့ပဲ။ ဒီတော့ မျက်နှာပြင်က Notch လည်းမရှိ၊ Hole လည်းမပါဘဲနဲ့ ပြီးပြည့်စုံသွားတာပေါ့။” ဆိုပြီး ရေးသား သွားပါတယ်။ Ice Universe ဆိုတာကလည်း ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ရင် အတော်လေးကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တစ်ခုဖြစ်တာကြောင့် စိတ်ဝင်စားဖို့တော့ ကောင်းနေပြီဖြစ်ပါတယ်။

Ref: Phonearena