[Unicode]
Samsung Galaxy A91 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ သြဂုတ်လလောက်ကတည်းက တစိမ့်စိမ့်နဲ့ ထွက်နေခဲ့တာပါ။ Samsung ဟာ ကနဦးကတည်းက Galaxy A91 မှာ Galaxy Note10+ လိုမျိူး 45W အမြန်အားသွင်းစနစ် ပါဝင်လာမယ်လို့ အတည်ပြုပြီးသားပါ။
ဖော်ပြခဲ့ဖူးတဲ့ သတင်းတွေအတိုင်းပဲ Galaxy A91 ဟာ Flagship အနေနဲ့ပဲ ထွက်လာမှာပါ။ Snapdragon 855 SoC သုံးထားမှာဖြစ်သလို 4,500mAh ဘက်ထရီလည်း တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ထဲမှာ မိတ်ဆက်မယ့် ဒီဖုန်းဟာ Android 10 လည်းမောင်းနှင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ပေါက်ကြားသတင်းကတော့ Samsung Galaxy A91 ရဲ့ Render ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ 91Mobiles ကနေ ပြသခဲ့တဲ့ Galaxy A91 ရဲ့ ၃၆၀ဒီဂရီ ရုပ်ပုံတွေအရ ဒီဟန်းဆက်ဟာ Galaxy S11 နဲ့ ခပ်ဆင်ဆင်တူနေတာကို တွေ့မြင်ရပါတယ်။
Galaxy A91 ရဲ့ ကျောဘက်ကင်မရာအရေအတွက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အခြေအနေဖြစ်ပါတယ်။ အချို့ ပုံရိပ်တွေမှာ ကင်မရာလေးလုံး တွေ့မြင်ရပြီး အချို့ပုံရိပ်တွေမှာတော့ ကင်မရာသုံးလုံးကို တွေ့မြင်ရပါတယ်။ အရှေ့ဘက်မျက်နှာပြင်မှာတော့ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားတာ မြင်တွေ့ရပါတယ်။
Galaxy A91 ဟာ 6.7-inch Super AMOLED မျက်နှာပြင်ဖြစ်ပြီး Full HD+ resolution ဖြစ်မယ်လို့ ဆိုပါတယ်။ 8GB of RAM ဖြစ်ပြီး သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပါလိမ့်မယ်။ 5G အမျိုးအစားလည်း ထွက်လာနိုင်တာကို တွေ့မြင်ရပါတယ်။ ကျောဘက်အဓိကကင်မရာက 48MP ဖြစ်ပြီး 12MP ultra-wide (အချို့သတင်းတွေမှာတော့ 8MP ultra-wide လို့ဖော်ပြကြပါတယ်) 5MP telephoto တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ “Tilt OIS” လည်း တည်ဆောက်ပုံထဲမှာ ပါဝင်လာဖွယ်ရှိပါတယ်။
Ref: GSM Arena
[Zawgyi]
Samsung Galaxy A91 ရဲ့ Renders တွေ ပေါ်ထွက်လာပြီ
Ref: GSM Arena