[Zawgyi]

Samsung ရဲ႕ Galaxy A91 အေၾကာင္းသတင္းေတြကေတာ့ လြန္ခဲ့တဲ့ ၾသဂုတ္လကတည္းက နည္းနည္းခ်င္းစီ ထြက္ေနခဲ့တာပါ။ Galaxy A Series ေတြထဲမွာေတာ့ A91 က အေတာ္ေလးကို အဆင့္ျမင့္ျမင့္ထြက္လာဖြယ္ရွိေနပါတယ္။ အခုထြက္လာတဲ့ ေကာလာဟလမွာလည္း အဆင့္ျမင့္တဲ့ Specs ေတြသုံးထားေၾကာင္း ေဖာ္ျပထားပါေသးတယ္။

ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ ၿပီးခဲ့တဲ့လတုန္းက A90 5G ကို ေၾကညာခဲ့ပါတယ္။ ဒီေတာ့ A91 (SM-A915F) ကလည္း အဆင့္ျမင့္ အစိတ္အပိုင္းေတြနဲ႔ ထြက္လာမယ္ဆိုတဲ့ သတင္းကို ပိုၿပီးေတာ့ လႈပ္ခတ္ေစခဲ့တာပါ။ လက္ရွိထြက္ေပၚေနတဲ့သတင္းအရ A91 ဟာ Snapdragon 855 chipset ကို အသုံးျပဳထားမယ္ဆိုတာပါပဲ။

ေနာက္ထပ္သတင္းထြက္ထားတာကေတာ့ Galaxy A91 ဟာ 45W အျမန္အားသြင္းစနစ္ ပါဝင္လာမယ္ဆိုတာပါ။ ဘက္ထရီပမာဏကလည္း 4,500mAh ပမာဏအထိ သုံးေပးထားမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ကေတာ့ Infinity-U အမ်ိဳးအစား မ်က္ႏွာပျပင္ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ 5G ခ်ိတ္ဆက္မႈေတာ့ မရဘူးလို႔ ဆိုပါတယ္။

ေက်ာဘက္ကင္မရာေတြနဲ႔ပတ္သက္ၿပီးထြက္ထားတဲ့ ေကာလာဟလကေတာ့ 48MP f/2.0 အဓိကကင္မရာ၊ 12MP ultra-wide ကင္မရာ၊ 8MP ကင္မရာ ဆိုၿပီး ကင္မရာသုံးလုံးတပ္ဆင္ေပးထားမယ္ ဆိုတာပါ။ တတိယကင္မရာကေတာ့ Depth sensor ျဖစ္ဖြယ္ရွိေနပါတယ္။ အေရွ႕ကင္မရာကေတာ့ 32MP f/2.2 နဲ႔ လာမယ္လို႔ ဆိုပါတယ္။

အခုအခ်ိန္အထိ Samsung Galaxy A91 ထြက္လာမယ့္ရက္ကို မသိရေသးသလို ေဈးႏႈန္းကိုလည္း မသိရေသးပါဘူး။ ဒါေပမယ့္ အိႏၵိယေဈးကြက္ကိုေတာ့ ဒီႏွစ္ေႏွာင္းပိုင္းေလာက္မွာ ျဖန႔္ခ်ိမယ္လို႔ သတင္းထြက္ထားတာပါ။

Ref: GSM Arena

[Unicode]

Samsung Galaxy A91 ဟာ Snapdragon 855, 45W အမြန်အားသွင်းစနစ်တွေပါလာမယ်လို့ သတင်းထွက်

Samsung ရဲ့ Galaxy A91 အကြောင်းသတင်းတွေကတော့ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက နည်းနည်းချင်းစီ ထွက်နေခဲ့တာပါ။ Galaxy A Series တွေထဲမှာတော့ A91 က အတော်လေးကို အဆင့်မြင့်မြင့်ထွက်လာဖွယ်ရှိနေပါတယ်။ အခုထွက်လာတဲ့ ကောလာဟလမှာလည်း အဆင့်မြင့်တဲ့ Specs တွေသုံးထားကြောင်း ဖော်ပြထားပါသေးတယ်။

ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့လတုန်းက A90 5G ကို ကြေညာခဲ့ပါတယ်။ ဒီတော့ A91 (SM-A915F) ကလည်း အဆင့်မြင့် အစိတ်အပိုင်းတွေနဲ့ ထွက်လာမယ်ဆိုတဲ့ သတင်းကို ပိုပြီးတော့ လှုပ်ခတ်စေခဲ့တာပါ။ လက်ရှိထွက်ပေါ်နေတဲ့သတင်းအရ A91 ဟာ Snapdragon 855 chipset ကို အသုံးပြုထားမယ်ဆိုတာပါပဲ။

နောက်ထပ်သတင်းထွက်ထားတာကတော့ Galaxy A91 ဟာ 45W အမြန်အားသွင်းစနစ် ပါဝင်လာမယ်ဆိုတာပါ။ ဘက်ထရီပမာဏကလည်း 4,500mAh ပမာဏအထိ သုံးပေးထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်ကတော့ Infinity-U အမျိုးအစား မျက်နှာပပြင်ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် 5G ချိတ်ဆက်မှုတော့ မရဘူးလို့ ဆိုပါတယ်။

ကျောဘက်ကင်မရာတွေနဲ့ပတ်သက်ပြီးထွက်ထားတဲ့ ကောလာဟလကတော့ 48MP f/2.0 အဓိကကင်မရာ၊ 12MP ultra-wide ကင်မရာ၊ 8MP ကင်မရာ ဆိုပြီး ကင်မရာသုံးလုံးတပ်ဆင်ပေးထားမယ် ဆိုတာပါ။ တတိယကင်မရာကတော့ Depth sensor ဖြစ်ဖွယ်ရှိနေပါတယ်။ အရှေ့ကင်မရာကတော့ 32MP f/2.2 နဲ့ လာမယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ Samsung Galaxy A91 ထွက်လာမယ့်ရက်ကို မသိရသေးသလို ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် အိန္ဒိယဈေးကွက်ကိုတော့ ဒီနှစ်နှောင်းပိုင်းလောက်မှာ ဖြန့်ချိမယ်လို့ သတင်းထွက်ထားတာပါ။

Ref: GSM Arena