[Zawgyi]

တကယ္ေတာ့ Samsung ရဲ႕ Galaxy Flagship စမတ္ဖုန္းေတြမွာ S Series, Note Series နဲ႔ Galaxy Fold အျပင္ Galaxy Alpha ဆိုတဲ့ စမတ္ဖုန္း တစ္မ်ိဴးလည္း ရွိေနခဲ့ပါေသးတယ္။ အဲ့ဒီဖုန္းကို Samsung က လြန္ခဲ့တဲ့ ၅ႏွစ္ (၂၀၁၄ခုႏွစ္) တုန္းက မိတ္ဆက္ခဲ့တာပါ။ အဲ့ဒီအခ်ိန္တုန္းကဆိုရင္ Xiaomi က သူငယ္ႏွပ္စား မူလတန္းကေလးအ႐ြယ္ပဲ ရွိပါေသးတယ္။ ဒါေပမယ့္ အခုေတာ့ ဘြဲ႕ရ ပညာတတ္ႀကီး ျဖစ္ေနပါၿပီ။

Mi MIX Alpha နဲ႔ Galaxy Alpha တို႔က Brand ကြဲၿပီး နာမည္တူေပမယ့္ ဒီဇိုင္းနဲ႔ Specs ေတြကေတာ့ ဆီနဲ႔ ေရလိုပါပဲ။ ဒါေပမယ့္ Galaxy Alpha ဟာ သူ႔ေခတ္ သူခါတုန္းကေတာ့ ေ႐ႊပါ။ Super AMOLED Display , 20nm Architecture ေပၚ အေျခခံၿပီး တည္ေဆာက္ထားတဲ့ Exynos 5430 SoC, Fingerprint Sensor (Home-button) , Aluminum Frame, 12MP Main Camera, 1860mAh Battery နဲ႔ လွပေသသပ္တဲ့ ဒီဇိုင္းေတြက သူရဲ႕ ညိဳ႕အားျပင္းလြန္းတဲ့ စြဲေဆာင္မႈေတြပဲ ျဖစ္ပါတယ္။

RAM 2GB / Storage 32GB ေမာ္ဒယ္ တစ္မ်ိဴးတည္းသာ ထုတ္လုပ္ခဲ့တာပါ။ MicroSD Card ထပ္စိုက္ခြင့္ မရွိခဲ့ပါဘူး။ Selfie ဆြဲဖို႔အတြက္ ထည့္ေပးထားတဲ့ ကင္မရာက 2.1 Megapixels ပဲ ရွိပါတယ္။ Galaxy Alpha ရဲ႕ Specs ေတြက ဒီေန႔ေခတ္ အေနအထားနဲ႔ ၾကည့္မယ္ဆိုရင္ ရယ္စရာေကာင္းေနေပမယ့္ သူရဲ႕ 12MP Main Camera ဟာ အဲ့ဒီအခ်ိန္ကတည္းက 4K (Ultra-HD) ဗီဒီယိုေတြကို 30fps (frame-per-second) နဲ႔ ႐ိုက္ကူးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

[Unicode]

Xiaomi Mi MIX Alpha ထက် ဦးစွာ Galaxy Alpha ကို မိတ်ဆက်ခဲ့တဲ့ Samsung

တကယ်တော့ Samsung ရဲ့ Galaxy Flagship စမတ်ဖုန်းတွေမှာ S Series, Note Series နဲ့ Galaxy Fold အပြင် Galaxy Alpha ဆိုတဲ့ စမတ်ဖုန်း တစ်မျိူးလည်း ရှိနေခဲ့ပါသေးတယ်။ အဲ့ဒီဖုန်းကို Samsung က လွန်ခဲ့တဲ့ ၅နှစ် (၂၀၁၄ခုနှစ်) တုန်းက မိတ်ဆက်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကဆိုရင် Xiaomi က သူငယ်နှပ်စား မူလတန်းကလေးအရွယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ ဘွဲ့ရ ပညာတတ်ကြီး ဖြစ်နေပါပြီ။

Mi MIX Alpha နဲ့ Galaxy Alpha တို့က Brand ကွဲပြီး နာမည်တူပေမယ့် ဒီဇိုင်းနဲ့ Specs တွေကတော့ ဆီနဲ့ ရေလိုပါပဲ။ ဒါပေမယ့် Galaxy Alpha ဟာ သူ့ခေတ် သူခါတုန်းကတော့ ရွှေပါ။ Super AMOLED Display , 20nm Architecture ပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ Exynos 5430 SoC, Fingerprint Sensor (Home-button) , Aluminum Frame, 12MP Main Camera, 1860mAh Battery နဲ့ လှပသေသပ်တဲ့ ဒီဇိုင်းတွေက သူရဲ့ ညို့အားပြင်းလွန်းတဲ့ စွဲဆောင်မှုတွေပဲ ဖြစ်ပါတယ်။

RAM 2GB / Storage 32GB မော်ဒယ် တစ်မျိူးတည်းသာ ထုတ်လုပ်ခဲ့တာပါ။ MicroSD Card ထပ်စိုက်ခွင့် မရှိခဲ့ပါဘူး။ Selfie ဆွဲဖို့အတွက် ထည့်ပေးထားတဲ့ ကင်မရာက 2.1 Megapixels ပဲ ရှိပါတယ်။ Galaxy Alpha ရဲ့ Specs တွေက ဒီနေ့ခေတ် အနေအထားနဲ့ ကြည့်မယ်ဆိုရင် ရယ်စရာကောင်းနေပေမယ့် သူရဲ့ 12MP Main Camera ဟာ အဲ့ဒီအချိန် ကတည်းက 4K (Ultra-HD) ဗီဒီယိုတွေကို 30fps (frame-per-second) နဲ့ ရိုက်ကူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။