Samsung ဟာ စမတ်ဖုန်း ကုမ္ပဏီ အဖြစ် နာမည်ကြီးပေမယ့် လက်ပ်တော့တွေကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။ နောက်ဆုံးထွက်ခဲ့တာက Galaxy Book နဲ့ Galaxy Book Pro တို့ ဖြစ်ပါတယ်။

Samsung Galaxy Book Pro

အခုတော့ အဲဒီ လက်ပ်တော့တွေရဲ့ Business Edition တွေကို ကြေညာလိုက်ပါတယ်။ မူလမော်ဒယ်တွေနဲ့ တူညီပေမယ့် Windows 10 or Windows 11 Operating System တွေရဲ့ Pro Version ကို ထည့်သွင်းထားပါတယ်။ အဲဒီအတွက် လုံခြုံရေး ပိုကောင်းလာပြီး စီမံခန့်ခွဲမှု လုပ်ဆောင်ချက်တွေ ပိုများလာပါတယ်။ Intel 11th Generation Processor တွေ မောင်းနှင်ထားပြီး Intel Eco စံနှုန်း ထည့်သွင်းထားပါတယ်။

Samsung Galaxy Book Pro ready to hit Windows 11 upgrade for business -  SlashGear

Galaxy Book နဲ့ Book Pro အတွက် ၁၃.၃ လက်မနဲ့ ၁၅ လက်မ မျက်နှာပြင် အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပြီး Full HD Resolution နဲ့ 16:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ Super AMOLED အမျိုးအစား ဖြစ်တဲ့အတွက် ပိုတောက်ပသလို အရောင်တွေ ကြည်လင်ပြတ်သားပါတယ်။

ဈေးနှုန်းအကြောင်းပြောရရင် Galaxy Book ရဲ့ ၁၅.၆ လက်မ မော်ဒယ်ကို ၈၉၉ ဒေါ်လာ(၁၅ သိန်း ၅ သောင်း) သတ်မှတ်ထားပြီး Intel Core i5 Processor နဲ့ 16GB RAM ပါပါတယ်။ ၁၃.၃ လက်မ မျက်နှာပြင်ပါတဲ့ Pro မော်ဒယ်ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၁,၀၉၉ ဒေါ်လာ (၁၉ သိန်း)သတ်မှတ်ထားပြီး ၁၅.၆ လက်မ မော်ဒယ်က ၁,၁၉၉ ဒေါ်လာ ( သိန်း ၂၀)ကစပါတယ်။ Version ၂ မျိုးထုတ်လုပ်ထားပြီး Core i5/8GB/512GB နဲ့ Core i7/16GB/256GB တွေ ဖြစ်ပါတယ်။ အဲဒီ Business Editon လက်ပ်တော့တွေကို စတင် ရောင်းချပေးနေပါပြီ။

Ref : gizmochina