[Zawgyi]

Samsung Developer Conference တုန္းက ကုမၸဏီဟာ Notebook သစ္ႏွစ္မ်ိဳးျဖစ္တဲ့ Galaxy Book Flex နဲ႔ Galaxy Book Ion တို႔ကို မိတ္ဆက္သြားခဲ့ပါတယ္။ ႏွစ္မ်ိဳးစလုံး 13-inch နဲ႔ 15-inch ဆိုၿပီး အ႐ြယ္ႏွစ္မ်ိဳးနဲ႔ ထြက္လာၾကမွာ ျဖစ္ပါတယ္။

အဓိကအခ်က္အျဖစ္ အရင္ဦးဆုံးေျပာရမွာက Flex နဲ႔ Ion တို႔ဟာ QLED Full HD (1920x1080px) မ်က္ႏွာျပင္ေတြကိုယ္စီနဲ႔ ျဖစ္ၾကမယ္ဆိုတဲ့အေၾကာင္းပါ။ အေစာပိုင္းမွာ ဒီနည္းပညာနဲ႔ပတ္သက္ၿပီး အေကာ္အထည္ေဖာ္ခဲ့တာေတြ ရွိေပမယ့္ Samsung ကေတာ့ သူတို႔ရဲ႕ထုတ္ကုန္ဟာ ေဈးကြက္ထဲမွာ ပထမဦးဆုံး QLED မ်က္ႏွာျပင္ျဖစ္လာလိမ့္မယ္လို႔ အခိုင္အမာ ေျပာပါတယ္။

AU Optronics ကေတာ့ Quantum Dot panels ေတြကို အခ်ိန္အေတာ္ၾကာ ဖန္တီးခဲ့ၿပီး အေစာပိုင္း Acer Predator ဂိမ္းမင္းလက္ပ္ေတာ့ေတြမွာ ေတြ႕ျမင္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ QLED panel ေတြကေတာ့ အျမင့္ဆုံးအလင္းေရာင္အျဖစ္ 600 nits အထိရွိၿပီး အေတာ္ေလးကို အထင္ႀကီးစရာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Flex နဲ႔ Ion တို႔ဟာ ျပင္ပအလင္းေရာင္ေအာက္မွာအသုံးျပဳရင္လည္း အဆင္ေျပေျပသုံးႏိုင္တယ္လို႔ ဆိုရမွာပါ။

ဒီ လက္ပ္ေတာ့ႏွစ္မ်ိဳးစလုံးမွာ Samsung ရဲ႕ Wireless PowerShare ေထာက္ပံ့ေပးထားတာေၾကာင့္ Qi ႀကိဳးမဲ့အားသြင္းနည္းပညာအသုံးျပဳ စမတ္ဖုန္းနဲ႔ Gadgets ေတြကို Touchpad ကေန တဆင့္ အားသြင္းႏိုင္မွာပါ။

Galaxy Book Flex နဲ႔ပတ္သက္ၿပီး ေပါက္ၾကားလာတဲ့အခ်က္ေတြကေတာ့ 13-inch နဲ႔ Flex ဟာ 1.1kg ျဖစ္ၿပီး Intel နဲ႔ ေနာက္ဆုံး 10th Gen Core chips ကို သုံးထားမွာျဖစ္ပါတယ္။ 16GB LPDDR4X RAM နဲ႔ျဖစ္ၿပီး 1TB PCle NVMe SSD လည္း ပါဝင္မယ္လို႔ သိရပါတယ္။ လုံၿခဳံမႈအတြက္ Fingerprint reader လည္း တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။

မ်က္ႏွာျပင္ကို ၃၆၀ ဒီဂရီ လွည့္ႏိုင္မွာျဖစ္သလို Touchscreen အမ်ိဳးအစားလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။ S-Pen နဲ႔တြဲဖက္အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။ 2x Thunderbolt 3 connectors ပါဝင္ၿပီးေတာ့ MicroSD ကတ္ေပါက္လည္း ပါဝင္ပါတယ္။ 69.7Wh ဘက္ထရီလည္း တည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

Galaxy Book Ion 13-inch ကေတာ့ Intel ရဲ႕ 10th မ်ိဳးဆက္ Comet Lake Chip နဲ႔ျဖစ္ၿပီး 15-inch အမ်ိဳးအစားကေတာ့ Nvidia GeForce CX250 GPU, GDDR5 memory 2GB နဲ႔ တြဲေပးထားမယ္လို႔ သိရပါတယ္။ ႏွစ္မ်ိဳးစလုံးဟာ 16GB Memory အထိေထာက္ပံ့လာမယ္လို႔လည္း သိရပါတယ္။ သိုေလွာင္မႈကေတာ့ PCle NVMe SSD 1TB လို႔လည္း သိရပါတယ္။ 15-inch အမ်ိဳးအစားမွာေတာ့ ေ႐ြးခ်ယ္စရာေတြ ရွိမယ္လို႔လည္း သိရပါတယ္။

Ref: GSM Arena

[Unicode]

QLED မျက်နှာပြင်တွေသုံးထားမယ့် Samsung Galaxy Book Flex နဲ့ Ion

Samsung Developer Conference တုန်းက ကုမ္ပဏီဟာ Notebook သစ်နှစ်မျိုးဖြစ်တဲ့ Galaxy Book Flex နဲ့ Galaxy Book Ion တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ နှစ်မျိုးစလုံး 13-inch နဲ့ 15-inch ဆိုပြီး အရွယ်နှစ်မျိုးနဲ့ ထွက်လာကြမှာ ဖြစ်ပါတယ်။

အဓိကအချက်အဖြစ် အရင်ဦးဆုံးပြောရမှာက Flex နဲ့ Ion တို့ဟာ QLED Full HD (1920x1080px) မျက်နှာပြင်တွေကိုယ်စီနဲ့ ဖြစ်ကြမယ်ဆိုတဲ့အကြောင်းပါ။ အစောပိုင်းမှာ ဒီနည်းပညာနဲ့ပတ်သက်ပြီး အကော်အထည်ဖော်ခဲ့တာတွေ ရှိပေမယ့် Samsung ကတော့ သူတို့ရဲ့ထုတ်ကုန်ဟာ ဈေးကွက်ထဲမှာ ပထမဦးဆုံး QLED မျက်နှာပြင်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ပြောပါတယ်။

AU Optronics ကတော့ Quantum Dot panels တွေကို အချိန်အတော်ကြာ ဖန်တီးခဲ့ပြီး အစောပိုင်း Acer Predator ဂိမ်းမင်းလက်ပ်တော့တွေမှာ တွေ့မြင်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် QLED panel တွေကတော့ အမြင့်ဆုံးအလင်းရောင်အဖြစ် 600 nits အထိရှိြပီး အတော်လေးကို အထင်ကြီးစရာ ဖြစ်ပါတယ်။ ဒါကြောင့် Flex နဲ့ Ion တို့ဟာ ပြင်ပအလင်းရောင်အောက်မှာအသုံးပြုရင်လည်း အဆင်ပြေပြေသုံးနိုင်တယ်လို့ ဆိုရမှာပါ။

ဒီ လက်ပ်တော့နှစ်မျိုးစလုံးမှာ Samsung ရဲ့ Wireless PowerShare ထောက်ပံ့ပေးထားတာကြောင့် Qi ကြိုးမဲ့အားသွင်းနည်းပညာအသုံးပြု စမတ်ဖုန်းနဲ့ Gadgets တွေကို Touchpad ကနေ တဆင့် အားသွင်းနိုင်မှာပါ။

Galaxy Book Flex နဲ့ပတ်သက်ပြီး ပေါက်ကြားလာတဲ့အချက်တွေကတော့ 13-inch နဲ့ Flex ဟာ 1.1kg ဖြစ်ပြီး Intel နဲ့ နောက်ဆုံး 10th Gen Core chips ကို သုံးထားမှာဖြစ်ပါတယ်။ 16GB LPDDR4X RAM နဲ့ဖြစ်ပြီး 1TB PCle NVMe SSD လည်း ပါဝင်မယ်လို့ သိရပါတယ်။ လုံခြုံမှုအတွက် Fingerprint reader လည်း တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။

မျက်နှာပြင်ကို ၃၆၀ ဒီဂရီ လှည့်နိုင်မှာဖြစ်သလို Touchscreen အမျိုးအစားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ S-Pen နဲ့တွဲဖက်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ 2x Thunderbolt 3 connectors ပါဝင်ပြီးတော့ MicroSD ကတ်ပေါက်လည်း ပါဝင်ပါတယ်။ 69.7Wh ဘက်ထရီလည်း တည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Galaxy Book Ion 13-inch ကတော့ Intel ရဲ့ 10th မျိုးဆက် Comet Lake Chip နဲ့ဖြစ်ပြီး 15-inch အမျိုးအစားကတော့ Nvidia GeForce CX250 GPU, GDDR5 memory 2GB နဲ့ တွဲပေးထားမယ်လို့ သိရပါတယ်။ နှစ်မျိုးစလုံးဟာ 16GB Memory အထိထောက်ပံ့လာမယ်လို့လည်း သိရပါတယ်။ သိုလှောင်မှုကတော့ PCle NVMe SSD 1TB လို့လည်း သိရပါတယ်။ 15-inch အမျိုးအစားမှာတော့ ရွေးချယ်စရာတွေ ရှိမယ်လို့လည်း သိရပါတယ်။

Ref: GSM Arena