Samsung က တရုတ်မှာ ပွဲ ၁ ခု ကျင်းပပြီး Galaxy S20 Series , Galaxy Z Flip နဲ့ Notebook အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Notebook အသစ်ကို Samsung Galaxy Book Ion 2020 လို့ နာမည်ပေးထားပါတယ်။ Samsung ဟာ Galaxy Book Series တွေကို ရောင်းတာ ဒါပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ Galaxy Book Flex Alpha ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တရုတ်မှာ Galaxy Book ကို ကြေညာတာ ဒါ ပထမဆုံးပါ။

Samsung Galaxy Book Ion 2020 Notebook ဟာ ၁၂.၉ မီလီမီတာပဲ အထူရှိပြီး ၉၇၀ ဂရမ် အလေးချိန်ရှိပါတယ်။ ၁၃.၃ လက်မ FHD မျက်နှာပြင် ထည့်သွင်းထားပြီး QLED နည်းပညာ ပါပါတယ်။ စွမ်းရည်မြင့် လက်ပ်တော့ ဖြစ်ပြီး မျက်နှာပြင်က 600nit Brightness အထိ ပံ့ပိုးပေးထားပါတယ်။

Samsung Galaxy Book Ion 2020 Notebook မှာ 10th Gen Intel Core Chipset မောင်းနှင်ထားပြီး Core i5-10210U နဲ့ Core i7-10510U Model ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ 16GB LPDDR4X RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ 69.7Wh ဘက်ထရီ ပါလာပြီး ၂၂ နာရီတောင် အသုံးခံတာက မိုက်ပါတယ်။ ကြိုးမဲ့အားသွင်း နည်းပညာ ပါသလို စမတ်ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။

HD Web ကင်မရာ ၊ WiFi 6+ ၊ Bluetooth 5 နဲ့ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး HDMI Port ၁ ခု၊ Thunderbolt 3 Port ၁ ခုနဲ့ USB 3.0 ၂ ခု ပါပါတယ်။ Samsung က ဈေးနဲ့ ရောင်းမယ့်နေ့ကို မပြောသေးပေမယ့် JD.com မှာ Core i5 Version ကို ၁၀,၅၉၉ ယွမ်နဲ့ Core i7 Version ကို ၁၁,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၁ သိန်း ၇ သောင်းနဲ့ ၂၃ သိန်း ၇ သောင်း အသီးသီး ကျသင့်မှာပါ။ ငွေရောင် ၁ မျိုးပဲ ထုတ်လုပ်ပေးထားပါသေးတယ်။

Ref : gizchina