၂၀၁၉ ခုနှစ် သြဂုတ်လတုန်းက Samsung ဟာ ထုတ်ကုန်သစ် Galaxy Book S ကိုမိတ်ဆက်ခဲ့ပြီး Snapdragon 8cx ချစ်ပ်ဆက်နဲ့ Windows OS အသုံးပြု Laptop တစ်လုံးဖြစ်ပါတယ်။ အခုတော့ စွမ်းအင်စားသက်သာတဲ့ Intel Lakefield ချစ်ပ်ဆက်ကို အစားထိုးလာပြီး Fan မပါတဲ့ Ultrabook ဒီဇိုင်းကိုပဲ ဆက်သုံးလာတဲ့ Galaxy Book S ကို မိတ်ဆက်လာခဲ့ပါပြီ။

Samsung Galaxy Book S မျိုးဆက်သစ်မှာ ရှေ့ဘက် 13.3” Touchscreen LCD Display တစ်ခုနဲ့အတူ 1MP ကင်မရာတစ်လုံး ပါဝင်လာပါတယ်။ အလေးချိန်က 950g သာရှိပြီး အထူဆုံးနေရာက တိုင်းတာရင်တောင် 11.8mm သာ ထူမှာပါ။ AKG လက်ရာ Stereo စပီကာလေးလုံးနဲ့ Built-in Fingerprint Scanner တို့လည်း ပါဝင်ပါတယ်။

Intel Core i5-L16G7 Lakefield ချစ်ပ်ဆက်ကိုတော့ 8GB LPDDR4x RAM နဲ့တွဲဖက်ထားပြီး eUFS Storage က 256/512GB ရွေးချယ်နိုင်မှာပါ။ Input / Output အနေနဲ့ USB-C Port နှစ်ခု၊ 3.5mm Audio Jack နဲ့ MicroSD Reader တို့ ပါဝင်ပါတယ်။ ဘက္ထရီအားက 42Wh လို့ဆိုပြီး ဗီဒီယိုထိုင်ကြည့်ရင် ၁၇ နာရီထိ ခံမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် Galaxy Book S ဟာ Wi-Fi 6 နဲ့ LTE နက်ဝပ်ချိတ်ဆက်နိုင်စွမ်းတွေ ပါဝင်လာပါတယ်။ အခြေခံဈေးနှုန်း စတာလင်ပေါင် ၉၉၉ (မြန်မာငွေ ၁၇ သိန်းဝန်းကျင်) သတ်မှတ်ထားပြီး Gold/Gray ကာလာနှစ်မျိုး ရွေးချယ်နိုင်မှာပါ။ ယူကေမှာ ဇွန်လ ၁၂ ရက်နေ့က စတင်ရောင်းချမှာဖြစ်ပြီး ဂလိုဘယ်ထွက်ရှိရက်တော့ မကြေညာသေးပါဘူး။

Ref – GSMArena