Zawgyi

Samsung ကေန မႏွစ္တုန္းက Windows OS ကို သံုးထားတဲ့ 2-in-1 Laptop/Tablet တစ္ခုျဖစ္တဲ့ Galaxy Book 2 ကို မိတ္ဆက္ထားခဲ့ပါတယ္။ ၾကည့္ရတာ ဒီႏွစ္မွာလည္း Galaxy Note 10 နဲ႔အတူ Windows OS သံုး Laptop တစ္ခုကိုပါ မိတ္ဆက္လာေတာ့မယ့္ပံုပါပဲ။

ဒီႏွစ္မွာေတာ့ Galaxy Book 3 အစား Galaxy Book S နာမည္နဲ႔ ထြက္ရွိလာမွာျဖစ္ျပီး မႏွစ္တုန္းကလုိမ်ိဳး 2-in-1 Laptop မ်ိဳးမဟုတ္ဘဲ လံုးဝ ပံုမွန္ Traditional Laptop ဒီဇုိင္းနဲ႔ျဖစ္လာမွာပါ။ ဒါေပမယ့္ Display ကေတာ့ Touch Support ျဖစ္လာဖို႔ မ်ားေနပါတယ္။

Design ပိုင္းအရေတာ့ ဒီ Galaxy Book S က ေတာ္ေတာ္ေလးကို လွျပီး ေဘးေဘာင္ေတြကလည္း လက္ရွိ Flagship Ultrabook ေတြလုိမ်ိဳး ပါးေနေအာင္ လုပ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ Display ရဲ႕ ေအာက္ဖက္မွာေတာ့ Samsung Logo ကိုထည့္သြင္းထားတဲ့အတြက္ ေဘာင္အနည္းငယ္ေတာ့ ပါဝင္ေနဦးမွာပါ။

Keyboard Design ကလည္း ပံုမွန္ Laptop တစ္ခုအတုိင္းျဖစ္ေနသလုိ Laptop တစ္ခုလံုးရဲ႕ အထူကလည္း ေတာ္ေတာ္ေလး ပါးတာကိုေတြ႕ရပါတယ္။ Laptop ရဲ႕ ဘယ္ဘက္ျခမ္းမွာဆုိရင္ USB-C နဲ႔ 3.5mm Audio Port ကို ထည့္သြင္းထားတာကိုေတြ႕ရပါတယ္။ ဒါေပမယ့္ ညာဘက္ျခမ္းပံုက Render ထဲမွာ မပါတဲ့အတြက္ Normal USB Port ပါမလား၊ USB-C ပဲ ထည့္ထားမလားဆိုတာကေတာ့ မသိရွိရေသးပါဘူး။

ဒီ Galaxy Book S ဟာ ယခင္တုန္းကလည္း Geekbench Benchmark ေတြေပါက္ၾကားခဲ့ဖူးျပီး အခုမွ Render Design ထြက္ရွိလာတာျဖစ္ပါတယ္။ ထူးျခားခ်က္အေနနဲ႔ ပံုမွန္ Windows Laptop ေတြလုိ Intel Processor ေတြအစား Qualcomm ရဲ႕ Snapdragon 855 Processor ကို အသံုးျပဳထားတာပါ။ RAM အေနနဲ႔လည္း 8GB ပါဝင္မွာျဖစ္ပါတယ္။

ဒီလုိမ်ိဳး Snapdragon 855 Processor ကိုသံုးထားတဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Intel Processor သံုးထားတဲ့ Laptop ေတြက ပိုေကာင္းႏုိင္ေသးေပမယ့္ Battery Life က သိသိသာသာပိုအသံုးခံမွာျဖစ္ျပီး Always-Connected LTE စနစ္လည္း ပါလာႏုိင္တာေၾကာင့္ ပံုမွန္ ရုံးသံုး၊ ေက်ာင္းသံုးအတြက္က ဒီ Galaxy Book S က ေတာ္ေတာ္ေလးကို အဆင္ေျပတဲ့ေရြးခ်ယ္စရာျဖစ္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Samsung ကနေ မနှစ်တုန်းက Windows OS ကို သုံးထားတဲ့ 2-in-1 Laptop/Tablet တစ်ခုဖြစ်တဲ့ Galaxy Book 2 ကို မိတ်ဆက်ထားခဲ့ပါတယ်။ ကြည့်ရတာ ဒီနှစ်မှာလည်း Galaxy Note 10 နဲ့အတူ Windows OS သုံး Laptop တစ်ခုကိုပါ မိတ်ဆက်လာတော့မယ့်ပုံပါပဲ။

ဒီနှစ်မှာတော့ Galaxy Book 3 အစား Galaxy Book S နာမည်နဲ့ ထွက်ရှိလာမှာဖြစ်ပြီး မနှစ်တုန်းကလိုမျိုး 2-in-1 Laptop မျိုးမဟုတ်ဘဲ လုံးဝ ပုံမှန် Traditional Laptop ဒီဇိုင်းနဲ့ဖြစ်လာမှာပါ။ ဒါပေမယ့် Display ကတော့ Touch Support ဖြစ်လာဖို့ များနေပါတယ်။

Design ပိုင်းအရတော့ ဒီ Galaxy Book S က တော်တော်လေးကို လှပြီးတော့ ဘေးဘောင်တွေကလည်း လက်ရှိ Flagship Ultrabook တွေလိုမျိုး ပါးနေအောင် လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Display ရဲ့ အောက်ဖက်မှာတော့ Samsung Logo ကိုထည့်သွင်းထားတဲ့အတွက် ဘောင်အနည်းငယ်တော့ ပါဝင်နေဦးမှာပါ။

Keyboard Design ကလည်း ပုံမှန် Laptop တစ်ခုအတိုင်းဖြစ်နေသလို Laptop တစ်ခုလုံးရဲ့ အထူကလည်း တော်တော်လေး ပါးတာကိုတွေ့ရပါတယ်။ Laptop ရဲ့ ဘယ်ဘက်ခြမ်းမှာဆိုရင် USB-C နဲ့ 3.5mm Audio Port ကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ညာဘက်ခြမ်းပုံက Render ထဲမှာ မပါတဲ့အတွက် Normal USB Port ပါမလား၊ USB-C ပဲ ထည့်ထားမလားဆိုတာကတော့ မသိရှိရသေးပါဘူး။

ဒီ Galaxy Book S ဟာ ယခင်တုန်းကလည်း Geekbench Benchmark တွေပေါက်ကြားခဲ့ဖူးပြီး အခုမှ Render Design ထွက်ရှိလာတာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပုံမှန် Windows Laptop တွေလို Intel Processor တွေအစား Qualcomm ရဲ့ Snapdragon 855 Processor ကို အသုံးပြုထားတာပါ။ RAM အနေနဲ့လည်း 8GB ပါဝင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Snapdragon 855 Processor ကိုသုံးထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ Intel Processor သုံးထားတဲ့ Laptop တွေက ပိုကောင်းနိုင်သေးပေမယ့် Battery Life က သိသိသာသာပိုအသုံးခံမှာဖြစ်ပြီး Always-Connected LTE စနစ်လည်း ပါလာနိုင်တာကြောင့် ပုံမှန် ရုံးသုံး၊ ကျောင်းသုံးအတွက်က ဒီ Galaxy Book S က တော်တော်လေးကို အဆင်ပြေတဲ့ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena