Samsung က Galaxy Buds နဲ့ Galaxy Buds+ နားကြပ် အတွက် Software Update အသစ်ကို ဖြန့်ချိပေးလိုက်ပြီး Home Screen Widgets တွေ ပါလာပါတယ်။ Widgets အမျိုးအစား ၂ ခု ပါလာပြီး ၁ ခုက နားကြပ်နဲ့ Charging Case ရဲ့ ဘက်ထရီ အခြေအနေကို ပြသပေးပါတယ်။ နောက် Widgets ၁ ခုက Ambient Sound ကို ဖွင့်ပေးပြီး Touchpad ကို Lock လုပ်ပေးပါတယ်။

သင်က Widgets ရဲ့ နောက်ခံ အရောင်ကို အဖြူ သို့မဟုတ် အနက်ရောင် သတ်မှတ်နိုင်ပြီး Widgets ရဲ့ Transparency ကို သင့် စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် System Theme နဲ့ လိုက်ဖက်တဲ့ Widgets Theme ကို အလိုလို ပြောင်းလဲပေးဖို့ သင်က သတ်မှတ်ထားနိုင်တဲ့အတွက် သင့် စမတ်ဖုန်းမှာ Dark Mode ပြောင်းလိုက်တာနဲ့ Widget ရဲ့ နောက်ခံကိုလည်း အလိုလို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Samsung Galaxy Buds နဲ့ Buds+ ရဲ့  Home Screen Widgets ကို ရရှိဖို့အတွက် Google Play Store ကနေ Plugins ကို Download လုပ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ Update ကို Users အားလုံးအတွက် မရရှိသေးတဲ့အတွက် သင့်မှာ မရသေးရင် အချိန်အနည်းငယ်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref : gsmarena