Samsung က Galaxy Buds အတွက် Software Update ကို ဖြန့်ချိလိုက်ပြီး Galaxy Bud+ ရဲ့ လုပ်ဆောင်ချက်တချို့ ပါလာပါတယ်။ အဲဒီထဲက အရမ်းလန်းတဲ့ လုပ်ဆောင်ချက် ၁ ခုက Microsoft Swift Pair ဖြစ်ပြီး Windows 10 Version 1803 နဲ့ အထက် ကွန်ပြူတာတွေကို နားကြပ်နဲ့ ချိတ်ဆက်ရတာ ပိုကောင်းလာပါတယ်။ Android Device နဲ့ နားကြပ်ကို ချိတ်ဆက်ပြီး သုံးလို့ရတဲ့ လုပ်ဆောင်ချက် အားလုံး ပါလာပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး ဖုန်း ပြောတာနဲ့ သီချင်းနားထောင်တာတွေအတွက် သုံးနိုင်ပါတယ်။

Ambient Sound လုပ်ဆောင်ချက်ကိုလည်း Buds အဟောင်းမှာ ထည့်သွင်းပေးလိုက်ပါတယ်။ Noise Cancellation ရဲ့ ပြောင်းပြန်ဖြစ်ပြီး Galaxy Buds ဟာ သင့် ပတ်ဝန်းကျင်က အသံတွေကို ဖမ်းယူပေးတဲ့အတွက် အသံတိုးစရာ မလိုဘဲ ပတ်ဝန်းကျင်က အသံတွေကို ကြားနေရမှာပါ။ ဥပမာအနေနဲ့ မြို့ထဲမှာ စက်ဘီး စီးတဲ့အခါ အသုံးဝင်ပါတယ်။

Software Update မှာ Spotify နဲ့ ပိုမို ပေါင်းစည်းထားပြီး Tap & Hold Gesture ကို သုံးရင် သင့်စမတ်ဖုန်းက Spotify ကို ဖွင့်နိုင်ပါတယ်။ နားထောင်လက်စနေရာကနေ ဆက်လက် နားထောင်နိုင်မှာ ဖြစ်ပါတယ်။ နောက် ၁ ခါ Tap & Hold ကို သုံးရင် Spotify က သင့်တော်တဲ့ Playlist တွေကို ဖွင့်ပြမှာပါ။

Ref : gsmarena