Unicode

Samsung ကနေ ဒီနှစ်အစောပိုင်းမှာတုန်းက Galaxy S10 Series ဖုန်းတွေနဲ့အတူ True Wireless Earbuds တစ်ခုဖြစ်တဲ့ Galaxy Buds ကို မိတ်ဆက်ခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း Samsung ကနေ ဒီ Galaxy Buds တွေထက် ပိုကောင်းတဲ့ Galaxy Buds+ ကို မိတ်ဆက်လာတော့မှာပါ။

အခုအချိန်မှာတော့ Samsung Galaxy Buds+ ရဲ့ Design ပုံကို မြင်လာခဲ့ရပြီးတော့ ထူးဆန်းတာတစ်ခု ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy Buds အတိုင်းပဲ ပုံစံတူညီနေတာပါ။ အဲ့ဒီအတွက် Samsung ကနေ Design ပိုင်းကို ပြောင်းလဲမှာမဟုတ်တဲ့ပုံစံပါပဲ။

ဒီလိုမျိုး Design ပိုင်းပြောင်းလဲမှုမရှိပေမယ့်လည်း Galaxy Buds+ ဟာ ယခင် Galaxy Buds မှာ ပါဝင်ခြင်းမရှိခဲ့တဲ့ AptX Codec ကို Support ပြုလုပ်နိုင်ပြီးတော့ Audio Quality ကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဒ့ါအပြင် Apple AirPods Pro နဲ့ Huawei Freebuds 3 လိုမျိုးပဲ Active Noise Cancellation ပါ ပါဝင်လာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Samsung Galaxy Buds+ တွေကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ Galaxy S11 Series ဖုန်းတွေနဲ့အတူ တရားဝင်မြင်ရဖို့များနေပါတယ်။

Ref – GSM Arena

Zawgyi





Ref – GSM Arena