Samsung က ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပမယ့် Unpacked Event မှာ True Wireless နားကြပ် အသစ်ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Galaxy Buds Live လို့ နာမည်ပေးထားနိုင်ပြီး ပဲသီးပုံစံ ဖြစ်ပါတယ်။ Galaxy Buds Live ဟာ Galaxy Buds+ ရဲ့ မျိုးဆက်တော့ မဟုတ်ဘဲ မော်ဒယ် အသစ် ဖြစ်ပါတယ်။

Buds Live ဟာ Active Noise Cancellation (ANC) ပါတဲ့ Samsung ရဲ့ ပထမဆုံး True Wireless နားကြပ် ဖြစ်ပြီး ANC ပါတဲ့ Apple ရဲ့ နာမည်ကျော် AirPods Pro ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုတော့ Galaxy Buds Live ရဲ့  တရားဝင်လို့ ထင်ရတဲ့ Promo ဗီဒီယို ၁ ခု တွစ်တာမှာ ထွက်ပေါ်လာပြီး အောက်မှာ လေ့လာနိုင်ပါတယ်။ ဗီဒီယိုမှာ နားကြပ်ရဲ့ ဒီဇိုင်းကို အနီးကပ် လေ့လာနိုင်ပြီး အရောင် ၃ မျိုးတွေ့ရပါတယ်။

တရုတ် ကုမ္ပဏီတွေဟာ Apple AirPods ဒီဇိုင်းကို အတုခိုး ထုတ်လုပ်နေပေမယ့် Samsung ကတော့ ကွဲပြားတဲ့ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Galaxy Buds နဲ့ Buds+ တို့ဟာလည်း AirPods နဲ့ မတူသလို Galaxy Buds Live ဟာလည်း AirPods Pro နဲ့ လုံးဝ မတူပါဘူး။ Buds နဲ့ Buds+ တို့ဟာ ဝတ်ဆင်ရတာ အရမ်းကို သက်တောင့်သက်သာရှိပြီး Buds Live ဟာလည်း ဒီလိုပဲ ဖြစ်မှာပါ။

Ref : gsmarena