Samsung Galaxy Buds+ ရဲ့ အနက်၊ အပြာနဲ့ အဖြူရောင်တွေကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ အနီနဲ့ ပန်းရောင် အသစ် ၂ ခုကို တောင်ကိုရီးယားမှာ ရောင်းပေးလိုက်ပါပြီ။ အရင်က အနီရောင် မော်ဒယ်ကို မြင်ခဲ့ကြရပြီးပြီ ဖြစ်ပြီး အခုတော့ ပန်းရောင် မော်ဒယ်ကို မြင်ခွင့်ရခဲ့ပါပြီ။

အနီနဲ့ ပန်းရောင် မော်ဒယ်ကို တောင်ကိုရီးယားမှာ ဝမ် ၁၇၉,၃၀၀ သတ်မှတ်ထားပြီး အရင်မော်ဒယ်တွေနဲ့ ဈေးတူပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။ ပန်းရောင်ကို Samsung Korean Website , Samsung Digital Plaza , Hi-Mart နဲ့ 11th Street မှာ ဝယ်ယူနိုင်ပြီး အနီရောင်ကို Korea Telecom ကနေပဲ ရောင်းချပေးထားပါတယ်။ အဲဒီ အရောင်အသစ်တွေကို တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Samsung က တောင်ကိုရီးယားက Users တွေဟာ Buds+ ကို ဖိထားပြီး Genie နဲ့ Flo Music Streaming Apps တွေကို ဖွင့်နိုင်ပြီး နောက်ပိုင်းမှာ Software Update ကနေ Melon ကို ထောက်ပံ့မှု ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Galaxy Buds+ မှာ AKG က Tune လုပ်ထားတဲ့ 2-way Speakers တွေ ထည့်သွင်းထားပြီး နားကြပ် ၁ ခုစီမှာ 85mAh ဘက်ထရီ ပါပါတယ်။  အားအပြည့်သွင်းထားရင် ၁၁ နာရီလောက် သီချင်းနားထောင်နိုင်ပါတယ်။

Ref : gsmarena