အခုအချိန်မှာ အများစုက Samsung Galaxy S21 lineup ကိုပဲ အာရုံစိုက်နေတယ်ဆိုပေမယ့် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ Galaxy Buds Pro ကိုပါ အာရုံစိုက်နေမယ်လို့ ယုံကြည်ရပါတယ်။ ဒီ နားကြပ်တွေကို Flagship S21 တွေနဲ့အတူ တစ်ပါတည်း မြင်တွေ့ရဖို့ မျှော်လင့်နိုင်ပါတယ်။

Samsung ရဲ့ မျိုးဆက်သစ်နားကြပ်တွေဟာ ပေါက်ကြားသတင်းတွေမှာ အကြိမ်ကြိမ်ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း ဒီနားကြပ်ရဲ့ အဓိက Feature တွေအကြောင်းကို Galaxy Wearable app ကတစ်ဆင့် သိလာရပြန်ပါတယ်။ ဦးဆုံးပြောရမှာကတော့ ဒီ နားကြပ်မှာ Noise cancelation အပြင် ဗီဒီယို တွေအတွက် 3D audio ကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Menus တွေအရလည်း ANC နဲ့ Ambient mode တွေပါဝင်မယ်လိုတာ သိနိုင်ပါတယ်။ Buds Pro ဟာ အသုံးပြုသူရဲ့အသံကို အလိုအလျောက်ထောက်လှမ်းပြီး Ambient mode ကို ပြောင်းပေးနိုင်သလို၊ မီဒီယာအသံကိုလည်း လျှော့ချပေးမယ်လို့ သိရပါတယ်။ 3D audio feature ကတော့ AirPods Pro မှာတွေ့ရတဲ့ Apple ရဲ့ Spatial Audio လိုမျိုးပဲ အလုပ်လုပ်မယ်လို့ ယူဆရပါတယ်။ Built-in gyroscope က အသုံးပြုသူရဲ့ လှုပ်ရှားမှုကို အခြေခံပြီး အသံထွက်မှုကို ချိန်ညှိမှာဖြစ်ပါတယ်။

Samsung ဟာ Buds Pro တစ်ခုလုံးမှာ Touch controls တွေကိုထိန်းချုပ်ဖို့နဲ့၊ ကိုယ့်စိတ်ကြိုက် Touch နဲ့ Hold gesture တွေကို ထားရှိနိုင်ဖို့လည်း ထောက်ပံ့ထားပါတယ်။ Find My Earbuds ကလည်း နားကြပ်တွေရဲ့တည်နေရာကို အလွယ်တကူရှာနိုင်ဖို့ ထည့်သေးထားတဲ့ အသုံးဝင်တဲ့ ထောက်ပံ့မှုတစ်ခုဖြစ်ပါတယ်။ ဒါကို Samsung ရဲ့ SmartThings app နဲ့တွဲဖက် အသုံးပြုနိုင်ပါတယ်။

ဆက်စပ်သတင်းတွေအရတော့ Samsung ဟာ Galaxy Buds Pro တွေကို ဥရောဈေးကွက်မှာ €229 (၃ သိန်းခွဲကျော်) နဲ့ ရောင်းချမယ်လို့ သိရပါတယ်။ အရောင်အားဖြင့် Black, Silver နဲ့ White ဆိုပြီးအရောင်သုံးမျိုးရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena