Samsung ဟာ Galaxy S20 စီးရီးဖုန်းတွေကို မိတ်ဆက်ရင်းနဲ့ Galaxy Buds+ True Wireless Earbuds ကိုပါ တစ်ပါတည်း မိတ်ဆက်ခဲ့ပါတယ်။ Galaxy Buds+ ဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ထားတဲ့ Galaxy Buds ကိုပဲ စွမ်းဆောင်ရည်တိုးမြှင့်ထားတာဖြစ်ပါတယ်။

အခုတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက Galaxy Buds X နာမည်နဲ့ Earbuds အသစ်ကို မိတ်ဆက်ဖို့ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Galaxy Buds X ဟာ Galaxy Buds+ နဲ့ ဒီဇိုင်းလည်းမတူညီသလို စွမ်းဆောင်ရည်လည်း ပိုပြီးသာတယ်လို့ ဆိုနိုင်ပါတယ်။ Galaxy Buds X ရဲ့ ဒီဇိုင်းဟာ Bean-shaped ပုံစံဖြစ်ပါတယ်။

ကောလာဟလတွေအရ Samsung အနေနဲ့ Galaxy Buds X ကို သြဂုတ်လနောက်ပိုင်းမှာ မိတ်ဆက်မယ်လို့ သိရပြီး ဈေးနှုန်းကလည်း $140 ဝန်းကျင် လောက်ဖြစ်မယ်လို့ သတင်းထွက်နေတာပါ။ ဒီဈေးနဲ့ဆိုရင်တော့ အရင်မျိုးဆက်ဟောင်း Galaxy Buds+ နေရာမှာ ကောင်းကောင်းအစားထိုးနိုင်ပါ့မလားလို့ သံသယဝင်မိပါတယ်။

ဒါပေမယ့် အမေရိကန် မူပိုင်ခွင့်ရုံးက ဖော်ပြချက်တွေအရ Galaxy Buds X မှာ Noise Cancellation ပါဝင်လာမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့ Galaxy Buds X ဟာ Apple ရဲ့ AirPods Pro နဲ့ Pixel Buds 2 တွေထက် ဈေးနှုန်းသက်သာပြီး အရည်အသွေးပိုင်းမှာ ကောင်းမွန်မယ်ဆိုရင်တော့ Samsung ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုက စောင့်ကြည့်ချင်စရာကောင်းတယ်လို့ ဆိုရမှာပါ။

Ref: GSM Arena