Samsung ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ Galaxy Buds2 ကြိုးမဲ့နားကြပ်အတွက် Black , White, Olive Green နဲ့ Lavender ၄ ရောင်ကို ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ၄ ခုစလုံးရဲ့ Case အပြင်ဘက်က အဖြူရောင် ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ တခြား အရောင်တွေကို ထုတ်လုပ်ရောင်းချခဲ့ပေမယ့် All-black အရောင် မပါလာခဲ့ပါဘူး။

အခုတော့ Samsung က Galaxy Buds2 အတွက် Onyx Black အရောင်ကို ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ပြီး ပထမဆုံး ရောင်းချမယ့် နိုင်ငံတွေက တောင်ကိုရီးယားနဲ့ ဂျာမနီတို့ ဖြစ်ကြပါတယ်။

Samsung Galaxy Buds2 finally get an all-black color variant - GSMArena.com news

 

အဲဒီ မော်ဒယ်ကို Samsung ရဲ့ ဝက်ဘ်ဆိုက် အပါအဝင် တောင်ကိုရီးယားက အွန်လိုင်းနဲ့ မြေပြင် စတိုးတွေကနေ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ကိုရီးယားဝမ် ၁၄၉,၀၀၀ သတ်မှတ်ထားပါတယ်။ ၁၁၇ ဒေါ်လာလောက် ရှိပြီး မြန်မာငွေ ၂၁၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ ဂျာမနီမှာ ၉၉ ယူရို သတ်မှတ်ထားပြီး ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ ရောင်းချချိန်မှာ အသိပေးနိုင်အောင် စာရင်းပေးသွင်းထားနိုင်ပါတယ်။

Samsung ဟာ Buds+ ရဲ့ Update အဖြစ် Galaxy Buds2 ကို ရောင်းချပေးခဲ့တာ ဖြစ်ပြီး သီချင်းနားထောင်တာနဲ့ ဖုန်းပြောတာအတွက် အရမ်း ကောင်းပါတယ်။ ကုမ္ပဏီက Onyx Black Version မှာ 360 Audio Software လုပ်ဆောင်ချက် ထည့်ပေးထားတယ်လို့ ပြောပြီး အသံလာရာကို ခြေရာခံနိုင်ကာ ခေါင်းလှုပ်ရှားရင် အကောင်းဆုံး အသံအရည်အသွေးကို ပံ့ပိုးပေးနိုင်ပါတယ်။

Ref : gsmarena