Samsung ဟာ ပြီးခဲ့တဲ့ လက  Galaxy Chromebook 2 360 ကို ကြေညာခဲ့ပြီး ဒီဇိုင်း လှကာ ကျောင်းသားတွေအတွက် ရည်ရွယ်ဖန်တီးထားတာပါ။ အခုတော့ အမေရိကန်မှာ ၄၃၀ ဒေါ်လာနဲ့ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ၈ သိန်းလောက် တန်ကြေးရှိပါတယ်။ Samsung Galaxy Chromebook 2 360 ဟာ Chromebook 2 ရဲ့ လက်ပ်တော့ ၊ တက်ဘလက် ၂ မျိုးသုံး Device လို့ ပြောနိုင်ပါတယ်။

Samsung Galaxy Chromebook 2 360

Samsung Galaxy Chromebook 2 360 မှာ ၁၂.၄ လက်မ ထိတွေ့မျက်နှာပြင် ပါလာပြီး ခေါက်ချိုး သုံးနိုင်ပါတယ်။ နေရောင်အောက်မှာတောင် မျက်နှာပြင်က ကြည့်ရှုလို့ ကောင်းပြီး ခေါက်ချိုးနိုင်တဲ့အတွက် လက်ပ်တော့လို သာမက Tent , Flat Tablet Mode တွေကိုပါ သုံးနိုင်ပါတယ်။ အကြမ်းခံသလို တုန်ခါမှုဒဏ်ခံနိုင်ပြီး အရမ်းကို ပေါ့ပါးပါတယ်။ 720p အရှေ့ ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး USB-C Port ၂ ခု၊ USB-A ၁ ခုနဲ့ microSD Slot ၁ ခု ထည့်သွင်းထားပါတယ်။

Samsung Galaxy Chromebook 2 360

4GB RAM ပါလာပြီး 130GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ Intel Celeron 4500 CPU မောင်းနှင်ထားပြီး Intel UHD Graphics ပါပါတယ်။ 45.5Wh ဘက်ထရီ တပ်ဆင်ထားပြီး WiFi 6 ကြောင့် အင်တာနက် အမြန်နှုန်း ပိုကောင်းပါတယ်။ LTE မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

Samsung Galaxy Chromebook 2 360

Samsung Galaxy Chromebook 2 360 ရဲ့ အခြေခံ မော်ဒယ်မှာ 4GB RAM/64GB Storage ထည့်သွင်းထားပြီး ၄၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ LTE Version ရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် ဒေါ်လာ ၅၃၀ လောက် ရှိနိုင်ကာ ၁၀ သိန်းနီးပါး ကျသင့်နိုင်ပါတယ်။ Chrome OS နဲ့ တွဲဖက် သုံးနိုင်တဲ့ App များစွာ ထည့်သွင်းထားပြီး Android App တွေကိုလည်း သုံးနိုင်ပါတယ်။

Ref : gizmochina