Samsung Galaxy Chromebook 2 မှာ အရင်မျိုးဆက်ထက် ဘက်ထရီ သက်တမ်း ပိုကောင်းလာမှာ ဖြစ်ပေမယ့် ဈေးပိုချိုလာမယ်လို့ သတင်းထွက်လာပါတယ်။ အရင်မျိုးဆက် Galaxy Chromebook ဟာ 2 in 1 ဒီဇိုင်း ဖြစ်ပြီး အရမ်းကို လှပသလို ဈေးကလည်း ၉၉၉ ဒေါ်လာဆိုတော့ မြောက်ပါတယ်။

နောက်မျိုးဆက်မှာ အဓိက တိုးတက်လာမှာက ဘက်ထရီ သက်တမ်း ဖြစ်ပြီး ၁၂ နာရီကျော်တောင် အသုံးခံမယ်လို့ သိရပါတယ်။ အရင်မျိုးဆက်မှာတော့ ၄ နာရီကျော်လောက်ပဲ အသုံးခံတဲ့အတွက် နောက်မျိုးဆက်မှာ အရမ်းကို တိုးတက်လာမှာပါ။ နောက်မျိုးဆက်ဟာ QLED or Quantum Dot LED ပါတဲ့ ပထမဆုံး Chromebook ဖြစ်လာမှာဖြစ်ပြီး အရင်မျိုးဆက်မှာ 4K AMOLED ကို သုံးထားပါတယ်။

အရင်မျိုးဆက်မှာ Intel 10th Gen Core i5 ထည့်ထားပြီး လိုအပ်တာထက်တောင် စွမ်းရည်မြင့်နေပါသေးတယ်။ Galaxy Chromebook 2 မှာတော့ 10th Gen Core i3 ပြောင်းသုံးထားနိုင်ပါတယ်။ ဒီလို ပြောင်းသုံးထားတဲ့အတွက် ဒေါ်လာ ၆၉၉ နဲ့ ရောင်းပေးနိုင်မယ်လို့ သိရပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၉ သိန်း ၃ သောင်းဆိုတော့ အရင်မျိုးဆက်ထက် ဈေးသက်သာပါတယ်။ မျိုးဆက်သစ်မှာ လှပတဲ့ ဒီဇိုင်းကို ပြန်သုံးထားမှာပါ။

Samsung Galaxy Chromebook 2 ကို နောက်နှစ် ဖေဖော်ဝါရီလမှာ ကြေညာနိုင်ပါတယ်။ နောက်လမှာ CES 2021 နည်းပညာ ပြပွဲကို ကျင်းပဖို့ ရှိနေပြီး Samsung ရဲ့ နောက်နှစ်ထုတ်မယ့် Chromebook အသစ်တွေရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : theverge