အိန္ဒိယရဲ့ Online retailer ဖြစ်တဲ့ Flipkart ဟာ Samsung Galaxy F13 ကို Tease လုပ်ခဲ့ပြီး ဖုန်းရဲ့ ဒီဇိုင်းပိုင်းကို အနည်းငယ်ပြသလိုက်ပါတယ်။ ဒါ့အပြင် Flipkart ဟာ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ Galaxy F13 အတွက် Promotion page ကိုလည်း ဖန်တီးခဲ့ပြီး ဖုန်းကို စတင်ရောင်းချမဲ့ရက်စွဲနဲ့ အဓိက Specs အချို့ကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

Samsung ဟာ Galaxy F13 ကို လာမဲ့ ဇွန်လ ၂၂ ရက်နေ့မှာ အိန္ဒိယဈေးကွက်ထဲ ပွဲထုတ်လာမှာဖြစ်ပါတယ်။ အခုအထိသိရသလောက်ကတော့ Galaxy F13 မှာ အနည်းဆုံး အရောင် သုံးမျိုးရှိပါမယ်။ FullHD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး ဘက်ထရီပမာဏကတော့ ကြီးမားတဲ့ 6,000mAh ပမာဏဖြစ်ပါတယ်။ အားသွင်းစနစ်က 15W ဖြစ်တာကိုလည်း သိရပါတယ်။

Galaxy F13 မှာ RAM Plus feature နဲ့အတူ 8GB of RAM အထိ ရယူသုံးစွဲနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ Virtual RAM ချဲ့ထွင်မှုလိုမျိုးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် ဒီစမတ်ဖုန်းမှာ Auto Data Switching လုပ်ဆောင်ချက်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Flipkart ရဲ့ ပုံတွေအရ ဟန်းဆက်ရဲ့ ဘေးဘက်ဘောင်မှာ Fingerprint scanner တပ်ဆင်ထားတာကို တွေ့နိုင်ပါတယ်။

Galaxy F13 မှာ 3.5mm headphone jack နဲ့ USB-C port တွေလည်း ပါဝင်တာကို အတည်ပြုနိုင်ပါတယ်။ Flipkart က Galaxy F13 ရဲ့ SoC အကြောင်းကို ထုတ်ဖော်ထားခြင်းမရှိပေမဲ့ ကနဦးရရှိထားတဲ့အချက်အလက်တွေအရ ဖုန်းဟာ Exynos 850 chip အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref: GSM Arena