Samsung Galaxy S21 Fan Edition ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကြေညာမယ်လို့ထင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ Winfuture.de က တရားဝင် မကြေညာရသေးခင်မှာ Galaxy S21 FE ရဲ့ Resolution မြင့်မားတဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

Samsung Galaxy S21 FE 5G whtie

ဓါတ်ပုံတွေမှာ Galaxy S21 FE ရဲ့ အရောင် ၄ မျိုးကို တွေ့ရပြီး 128GB နဲ့ 256GB Storage Version တွေ ထုတ်လုပ်ထားမယ်လို့ Winfuture.de က ပြောပါတယ်။ အဲဒီ မော်ဒယ်တွေကို ၆၆၀ ယူရို၊ ၇၀၅ ယူရိုနဲ့ အသီးသီး ရောင်းချနိုင်ပြီး မြန်မာငွေ ၁၃ သိန်း ၄ သောင်းနဲ့ ၁၄ သိန်း ၃ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Samsung Galaxy S21 FE 5G

ပေါက်ကြားသတင်းတွေအရ Galaxy S21 Fan Edition မှာ ၆.၄၁ လက်မ AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ IP68 ရေစိုခံ စံနှုန်း ပါလာနိုင်ပြီး အမေရိကန်လို နိုင်ငံတွေအတွက် Snapdragon 888 Chipset ထည့်သွင်းထားနိုင်ပါတယ်။ 8GB/ 12GB LPDDR5 RAM နဲ့ 128GB / 256GB UFS 3.1 Storage ပါလာနိုင်ပြီး Android 12 အခြေပြု One UI 3.1 မောင်းနှင်ထားနိုင်ပါတယ်။

Samsung Galaxy S21 FE 5G

Galaxy S21 FE မှာ 32MP အရှေ့ ကင်မရာ ၁ လုံးနဲ့ 12MP Main +12MP Ultrawide+8MP Telephoto အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပါတယ်။ 25W Fast Charging , 15W Wireless Charging , Reverse Wireless Charging  ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Samsung Galaxy S21 FE 5G

Ref : gizmochina