IANS သတင်း ဌာနရဲ့ အဆိုအရ Samsung ဟာ တန်ဖိုးနည်း 5G စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ စမတ်ဖုန်းက Galaxy F42 5G ဖြစ်ပြီး တကယ်တော့ ဒါဟာ စမတ်ဖုန်း အသစ် မဟုတ်ဘဲ Galaxy A22 5G ကို နာမည်ပြောင်းရောင်းချတာလို့ သတင်းထွက်နေပါတယ်။

Galaxy A22 5G kopen? | Smartphone | Samsung NL

Galaxy F42 5G မှာ မတူညီတဲ့ 5G Band ၁၂ ခုကို ထောက်ပံ့တဲ့ MediaTek 700 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမယ်လို့ သတင်းပေါက်ကြားနေပါတယ်။ လာမယ့် ၁ ပတ် စက်တင်ဘာလ ၂၉ ရက်နေ့ ကြေညာနိုင်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ကျမှ အိန္ဒိယမှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Galaxy A22 5G 松墨霧64GB | SM-A226BZADBRI | 台灣三星電子

Samsung Galaxy F42 5G ကို မေလမှာ WiFi မှတ်ပုံတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လက Bluetooth မှတ်ပုံတင်ခဲ့ပါတယ်။ ဇူလိုင်လမှာ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆေးတဲ့ Geekbench ကို အဲဒီ စမတ်ဖုန်း ရောက်လာပြီ ဖြစ်ပြီး အဓိက Specs တွေကို သိလာခဲ့ရပါတယ်။

Geekbench မှာ Samsung Galaxy F42 5G ရဲ့ မော်ဒယ်ကုဒ်ဟာ SM-E426B ဖြစ်ပြီး MediaTek Dimensity 700 SoC မောင်းနှင်ထားပါတယ်။ Android 11 OS ထည့်သွင်းထားပြီး 6GB RAM ပါလာတာတွေ့ရပါတယ်။ ဒါပေမယ့် RAM ပမာဏပိုများတဲ့ မော်ဒယ်တွေလည်း ထုတ်လုပ်ထားနိုင်ပါတယ်။ Samsung ဟာ A Series  ဖုန်းတွေကို F Series အဖြစ် နာမည်ပြောင်း ရောင်းချတာမျိုး အရင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

Samsung Galaxy A22 5G နဲ့ တူမယ်ဆိုရင် Samsung Galaxy F42 5G မှာ ၆.၆ လက်မ FullHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ 48MP နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 15W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး Biometric Authentication အတွက် လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena