လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက Google Play Console မှာ Samsung Galaxy F42 5G ကို တွေ့မြင်ခဲ့ကြရပါတယ်။ အခုတော့ Samsung ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Mid-range စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy F42 5G ဟာ တောင်ကိုရီးယားဈေးကွက်မှာဖြန့်ချိခဲ့တဲ့ Galaxy Wide 5 နဲ့ ဆင်တူတယ်လို့ပြောနိုင်သလို နိုင်ငံတကာဈေးကွက်မှာရှိနေတဲ့ Galaxy A22 နဲ့လည်း ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ A22 နဲ့နှိုင်းယှဉ်ရင် စွမ်းရည်ပိုကောင်းတဲ့ အဓိကကင်မရာ၊ အရောင်သစ်တွေ၊ ကင်မရာအိမ်ကို ဒီဇိုင်းပိုင်းအနည်းငယ်ပြောင်းလဲထားတာတွေတော့ ကွာခြားပါတယ်။

Samsung Galaxy F42 5G ဟာ 6.6-inch Full HD+ resolution, LCD display နဲ့ ဖြစ်ပါတယ်။ 8MP Selfie ကိုတော့ Waterdrop notch ထဲမှာ ထည့်သွင်းထားတာပါ။ ကျောဘက်ကင်မရာတွေကတော့ 64MP အဓိကကင်မရာ၊ 5MP ultrawide နဲ့ 2MP depth sensing ကင်မရာတွေပဲ ဖြစ်ကြပါတယ်။ အတွင်းမှာတော့ MediaTek Dimensity 700 chipset ကို အသုံးပြုထားပါတယ်။ Octa-core CPU ဟာ 2.2GHz အထိရပါတယ်။

Galaxy F42 5G ကို အိန္ဒိယဈေးကွက်ထဲမှာရောင်းချတာဖြစ်ပြီး 6GB/8GB RAM နဲ့ 128GB storage အတွဲအဖက်တွေ ဖြစ်ကြပါတယ်။ အကယ်၍ သိုလှောင်မှုပမာဏကို တိုးမြှင့်ချင်သေးရင်လည်း microSD နဲ့အတူ 1TB အထိ တိုးမြှင့်နိုင်တာလည်း ဖြစ်ပါတယ်။

Galaxy F42 5G မှာ Galaxy A22 5G လိုမျိုး ကြည့်မြင်ရတာအေးမြတဲ့ Mint, Violet နဲ့ White စတဲ့အရောင်တွေတော့ မရဘူးလို့ သိရပါတယ်။ Matte Aqua, Matte Black တို့ကို ရွေးချယ်နိုင်ပြီး ဈေးနှုန်းကတော့ $282 နဲ့ $310 အသီးသီးဖြစ်ပါတယ်။

Ref: GSM Arena