Samsung Galaxy F42  5G ရဲ့ သတင်းတွေ ပြီးခဲ့တဲ့လက ပထမဆုံး ထွက်ပေါ်လာခဲ့ပြီး WiFi Certification ပြုလုပ်ခဲ့တာပါ။ အခုတော့ Bluetooth Certification မှာ တွေ့လာရပါတယ်။ အဲဒီအတွက် ကြေညာဖို့ အချိန်က နီးသထက်နီးလာပါပြီ။

ထူးခြားတာက Galaxy F42 5G ရဲ့ Certification ဟာ မကြာခင်က ကြေညာခဲ့တဲ့ Galaxy A22 5G နဲ့ တူနေပါတယ်။ အဲဒီအတွက် Samsung Galaxy F42 5G ဟာ Galaxy A22 5G ကို နာမည်ပြောင်းထားတာဖြစ်နိုင်ပါတယ်။ Samsung ဟာ A Series က ဖုန်းတွေကို F Series အဖြစ် နာမည်ပြောင်း ရောင်းချတာမျိုး အရင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

Galaxy A22 5G ကို F42 5G အပြင် တချို့နိုင်ငံတွေမှာ Galaxy Buddy ,  Galaxy Wide5 အနေနဲ့ ကြေညာနိုင်ပါတယ်။ ဖုန်း ၁ လုံးထဲကို နာမည် ၄ မျိုးနဲ့ ထုတ်လုပ်ရောင်းချတာက စံချိန်တင်လောက်တယ်လို့ ပြောရမှာပါ။

Samsung Galaxy F42 5G ဟာ Galaxy A22 5G ကို နာမည်ပြောင်းထားတာဆိုရင် ၆.၆ လက်မ 1080×2400 90Hz မျက်နှာပြင်၊ MediaTek Dimensity 700 Chipset ၊ 4-8GB RAM ၊ 64/128GB Storage ၊ 15W Charging ၊ 5,000mAh ဘက်ထရီနဲ့ Android 11 အခြေပြု One UI Core 3.1 တွေ ပါလာမှာပါ။ အနောက်ဘက်မှာ 48MP, 5MP Ultrawide ,2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားမှာပါ။

Ref : gsmarena