Samsung Galaxy F42 5G ကို မေလမှာ WiFi မှတ်ပုံတင်ခဲ့ပြီး ပြီးခဲ့တဲ့ လက Bluetooth မှတ်ပုံတင်ခဲ့ပါတယ်။ အခုတော့ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆေးတဲ့ Geekbench ကို အဲဒီ စမတ်ဖုန်း ရောက်လာပြီ ဖြစ်ပြီး အဓိက Specs တွေကို သိလာရပါပြီ။

Samsung Galaxy F42 5G's key specs revealed by Geekbench

Geekbench မှာ Samsung Galaxy F42 5G ရဲ့ မော်ဒယ်ကုဒ်ဟာ SM-E426B ဖြစ်ပြီး MediaTek Dimensity 700 SoC မောင်းနှင်ထားပါတယ်။ Android 11 OS ထည့်သွင်းထားပြီး 6GB RAM ပါလာတာတွေ့ရပါတယ်။ ဒါပေမယ့် RAM ပမာဏပိုများတဲ့ မော်ဒယ်တွေလည်း ထုတ်လုပ်ထားနိုင်ပါတယ်။

Samsung Galaxy A22 5G

Geekbench မှာ Samsung Galaxy F42 5G ရဲ့ တခြား Specs တွေကို မဖော်ပြထားပေမယ့် Bluetooth မှတ်ပုံတင်ထားတဲ့ ဒေတာတွေအရ Samsung Galaxy F42 5G ဟာ Galaxy A22 5G ကို နာမည်ပြောင်း ရောင်းချမှာ ဖြစ်နိုင်ပါတယ်။ Samsung ဟာ A Series  ဖုန်းတွေကို F Series အဖြစ် နာမည်ပြောင်း ရောင်းချတာမျိုး အရင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

Samsung Galaxy A22 5G နဲ့ တူမယ်ဆိုရင် Samsung Galaxy F42 5G မှာ ၆.၆ လက်မ FullHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ 48MP နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 15W Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး Biometric Authentication အတွက် လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena