Samsung ရဲ့ Galaxy Watch Series တွေဟာ နာမည်ကြီးပေမယ့် Samsung ဟာ စမတ်လက်ပတ်တွေကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။ Galaxy Fit2 ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ Galaxy Tab A7 နဲ့အတူ ကြေညာခဲ့ပြီး အဲဒီနောက်ပိုင်းမှာ စမတ်လက်ပတ် အသစ် မထွက်လာတော့ပါဘူး။ ဒါဟာ မကြာခင် ပြောင်းလဲတော့မှာပါ။

Galaxy Fit2 (SM-R220) | Samsung Myanmar

Samsung Community Forum ရဲ့ ကိုရီးယား ဌာနကနေ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ User ၁ ယောက်က Galaxy Fit3 ကို ဘယ်အချိန် ရောင်းချမလဲလို့ မေးမြန်းခဲ့ရာမှာ ဒီနှစ် ဒုတိယနှစ်ဝက် သို့မဟုတ် နောက်နှစ် ပထမနှစ်ဝက်မှာ ရောင်းချမယ်လို့ ဖြေထားပါတယ်။

Samsung Galaxy Fit 2 2020 Bluetooth Fitness Tracking Smart Band (Black) : Cell Phones & Accessories

Galaxy Fit3 ဟာ ကိုရီးယား ဝမ် ၄၉,၀၀၀ – ၅၀,၀၀၀ ဝန်းကျင် ကျသင့်နိုင်ပြီး မြန်မာငွေ ၇၀,၀၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။ Fit2 ကိုလည်း ကိုရီးယား ဝမ် ၄၉,၅၀၀ နဲ့ ရောင်းချပေးခဲ့တဲ့အတွက် ဈေးနှုန်း တူညီတယ်လို့ ပြောနိုင်ပါတယ်။

Galaxy Fit3 ရဲ့ လုပ်ဆောင်ချက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ အခု ဒီသတင်းဟာ Community မန်နေဂျာဆီကနေ ထွက်လာတာ ဖြစ်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်း မှန်ကန်မယ်လို့ ယူဆလို့ မရပါဘူး။ ထုတ်ကုန် ရောင်းချတဲ့ ဆုံးဖြတ်ချက်တွေကို ဒီထက် ပိုမြင့်တဲ့ ရာထူးတွေကပဲ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

Ref : gsmarena