Samsung က Galaxy Fold 2 နာမည်ရ Foldable ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး တရုတ်က 3C စာရင်းအရ အဲဒီ စမတ်ဖုန်းမှာ 25W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ SM-F9160 ဖြစ်ပြီး 5G ဆက်သွယ်မှု ပါမယ်လို့ ဖော်ပြထားပါတယ်။ 5G ပါမယ်ဆိုတာ ဟိုးအရင်ကတည်းက သတင်းထွက်ထားပြီးသားပါ။

Samsung အတွက် 25W Fast Charging ဟာ မထူးဆန်းပါဘူး။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ရောင်းချခဲ့တဲ့ Samsung Galaxy S10 5G မှာ 25W Fast Charging ကို ပထမဆုံး ထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ Note10 Series တွေမှာ ပါလာပါတယ်။ တချို့ Samsung စမတ်ဖုန်းတွေမှာ 45W Charging တောင် ထည့်ထားနိုင်ပြီ ဖြစ်ပါတယ်။

25W ဟာ ပထမမျိုးဆက် Galaxy Fold ရဲ့ 15W ထက် ပိုတိုးတက်လာတာ ဖြစ်ပါတယ်။ Galaxy Fold 2 မှာ ကင်မရာ အသစ်တွေ ထည့်သွင်းထားနိုင်ပြီး Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ Galaxy Z Flip မှာလို Notification Strip Screen ပါလာနိုင်ပါတယ်။   ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး စက်တင်ဘာလမှာ အကန့်အသတ်နဲ့ ရောင်းချပေးမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena