အရင်နှစ်ထုတ် Samsung Galaxy Fold ရဲ့ မျိုးဆက်သစ် Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Fold 2 မှာ S Pen ထည့်ထားမယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် အခုတော့ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Fold 2 မှာ နည်းပညာ အခက်အခဲကြောင့် S Pen မပါလာနိုင်ဘူးလို့ သိရပါတယ်။

Samsung ဟာ Folding Screen ရဲ့ အကြမ်းခံနိုင်တဲ့ ပြဿနာကြောင့် S Pen မထည့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ S Pen ပါတဲ့ Galaxy Note10 ရဲ့ မျက်နှာပြင်ဟာ ၀.၄ မီလီမီတာ ထူပါတယ်။ ဒါပေမယ့် Galaxy Z Flip မှာ သုံးထားပြီး Fold 2 မှာလည်း ထည့်ထားမယ်လို့ ထင်ရတဲ့ Ultra Thin Glass (UTG) ဟာ ၀.၀၃ မီလီမီတာပဲ ထူတဲ့အတွက် S Pen ထောက်ပံ့ဖို့ မကြံ့ခိုင်ဘူးလို့ သိရပါတယ်။

ကောင်းတဲ့ အချက်က Fold 2 မှာ 120Hz မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Fold ရဲ့ 60Hz ထက် အများကြီး တိုးတက်လာတာပါ။ Fold 2 ရဲ့ မျက်နှာပြင်ဟာ ပိုကြီးပြီး Resolution ပိုကောင်းလာမယ်လို့ သတင်းထွက်နေပြီး Samsung က ဘာမှ မပြောသေးပါဘူး။ ဒါ့အပြင် Samsung ဟာ Fold 2 အတွက် 512GB အပြင် 256GB Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဒါဟာ Fold 2 ရဲ့ အခြေခံ ဈေးကို သက်သာအောင် လုပ်ပေးတာပါ။ ဩဂုတ်လ ၅ ရက်နေ့ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာပါ။

Ref : gsmarena