Samsung ဟာ မနှစ်တုန်းက ပထမဆုံးသော Foldable ဖုန်းဖြစ်တဲ့ Galaxy Fold ကို မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာလည်း စျေးပိုသက်သာတဲ့ Samsung Galaxy Z Flip ကို ရောင်းချနေပြီဖြစ်ပါတယ်။

ဒါပေမယ့် မနှစ်တုန်းက Galaxy Fold ရဲ့ မျိုးဆက်သစ် Galaxy Fold 2 ကို လာမယ့် သြဂုတ်လဝန်းကျင်မှာ Galaxy Note 20 ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါပြီ။ လက်ရှိသိရတဲ့ သတင်းတွေအရ Galaxy Fold 2 ဟာ Galaxy Z Flip လိုမျိုး Ultra-thin Glass ကို အသုံးပြုလာမယ့်အပြင် S Pen ကိုပါ Support ပြုလုပ်လာမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Galaxy Fold 2 စမတ်ဖုန်းဟာ Samsung အတွက် ပထမဆုံးအနေနဲ့ Under Display Camera Setup ကိုပါထည့်သွင်းလာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ အဲ့ဒီအတွက် Foldable ဖုန်းကို စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ Galaxy Fold 2 က လုံးဝအထင်ကြီးစရာဖြစ်နေတာပါ။

အခုအချိန်မှာတော့ Galaxy Fold 2 နဲ့ ပတ်သက်တဲ့နောက်ထပ်သတင်းတစ်ခုထွက်ရှိလာပြီး ဒါက Camera နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ အခုသတင်းအရ Galaxy Fold 2 ဟာ များပြားတဲ့အဆင့်မြှင့်တင်မှုတွေရရှိလာမှာဖြစ်ပေမယ့် Galaxy S20 Ultra လိုမျိုး 108MP Camera Setup တော့ ပါဝင်လာမှာမဟုတ်ပါဘူး။

ဒါကလည်း Galaxy Fold 2 ကို 108MP Camera Setup ထည့်သွင်းမယ်ဆိုရင် Camera အတွက် နေရာအများအပြားယူသွားမှာဖြစ်သလို ဖုန်းရဲ့ အထူကလည်း သိသိသာသာကို ပိုပြီးထူသွားမှာပါ။ အဲ့ဒီအတွက် လာမယ့် Galaxy Fold 2 က Camera ပိုင်းမှာတော့ အကောင်းဆုံးဖြစ်လာဦးမှာမဟုတ်ပါဘူး။

လက်ရှိရောင်းချနေတဲ့ Galaxy Z Flip လည်း Camera ပိုင်းမှာ 12MP + 12MP Dual Camera ကိုပဲ တပ်ဆင်ထားပြီးတော့ S20 Series တွေထက် Camera ပိုင်းမှာ အားနည်းနေတာပဲဖြစ်ပါတယ်။

Ref – Phone Arena