[Zawgyi]

ၿပီးခဲ့တဲ့ရက္က Geekbench ကို ဝင္ေရာက္ၾကည့္ရႈသူေတြ မ်ားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ နာမည္ႀကီး Samsung Galaxy Fold ရဲ႕ ရမွတ္ေတြကို Geekbench မွာၾကည့္လို႔ရၿပီဆိုတဲ့ သတင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုရီးယားနည္းပညာကုမၸဏီႀကီးရဲ႕ Foldable ဖုန္းဟာ အထင္ႀကီးစရာမေကာင္းတဲ့ ရမွတ္ေၾကာင့္ မ်က္ႏွာငယ္ခဲ့ရပါတယ္။

Samsung SM-F900F ဆိုတဲ့ အမည္နဲ႔ Geekbench ေပၚမွာေတြ႕ရတာကေတာ့ Single-Core Score က 3,418 ျဖစ္ၿပီး Multi-Core Score ကေတာ့ 9,703 ျဖစ္ေနတာပါပဲ။ ဒါေၾကာင့္ Snapdragon 855 နဲ႔ 12GB of RAM ကို တြဲစပ္ထားတဲ့ Galaxy Fold ရဲ႕ ရမွတ္ဟာ ေမွ်ာ္မွန္းထားၾကသေလာက္ ျဖစ္မလာခဲ့ဘူးလို႔ ဆိုရမွာပါ။

ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲလို႔ေမးရင္ေတာ့ Device မွာ အသုံးျပဳမယ့္ Software ပိုင္းဆိုင္ရာကို အၿပီးသတ္ႏိုင္ျခင္းမရွိေသးတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ပဲ ေျဖရမွာပါ။ Samsung အေနနဲ႔ေတာ့ လာမယ့္ ဧၿပီလ ၂၆ ရက္ေန႔မတိုင္ခင္မွာ Software ပိုင္းဆိုင္ရာ ျပင္ဆင္မႈေတြ၊ အၿပီးသတ္လုပ္ေဆာင္မႈေတြ၊ ျပန္လည္စစ္ေဆးမႈေတြနဲ႔ လုပ္စရာေတြ အေျမာက္အမ်ားျဖစ္ေနပါလိမ့္မယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္က SM-009F ဆိုတဲ့ အမည္ဟာ ႏိုင္ငံတကာေဈးကြက္အတြက္ မူကြဲျဖစ္ႏိုင္တယ္ဆိုတာပါ။ အကယ္၍ လက္ရွိေတြ႕လိုက္ရတဲ့ ရမွတ္ဟာ Qualcomm Chipset အသုံးျပဳထားတဲ့ မူကြဲဆိုရင္၊ Exynos version နဲ႔ Fold ရဲ႕ ရမွတ္ကိုလည္း ေစာင့္ၾကည့္ဖို႔ လိုေသးတယ္လို႔ သတိေပးေနသလိုပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Geekbench မှာ အထင်ကြီးစရာမကောင်းတဲ့ ရမှတ်နဲ့ပေါ်ထွက်လာတဲ့ Samsung Galaxy Fold

ပြီးခဲ့တဲ့ရက်က Geekbench ကို ဝင်ရောက်ကြည့်ရှုသူတွေ များခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ကြီး Samsung Galaxy Fold ရဲ့ ရမှတ်တွေကို Geekbench မှာကြည့်လို့ရပြီဆိုတဲ့ သတင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ Foldable ဖုန်းဟာ အထင်ကြီးစရာမကောင်းတဲ့ ရမှတ်ကြောင့် မျက်နှာငယ်ခဲ့ရပါတယ်။

Samsung SM-F900F ဆိုတဲ့ အမည်နဲ့ Geekbench ပေါ်မှာတွေ့ရတာကတော့ Single-Core Score က 3,418 ဖြစ်ပြီး Multi-Core Score ကတော့ 9,703 ဖြစ်နေတာပါပဲ။ ဒါကြောင့် Snapdragon 855 နဲ့ 12GB of RAM ကို တွဲစပ်ထားတဲ့ Galaxy Fold ရဲ့ ရမှတ်ဟာ မျှော်မှန်းထားကြသလောက် ဖြစ်မလာခဲ့ဘူးလို့ ဆိုရမှာပါ။

ဘာကြောင့် ဒီလိုဖြစ်ရသလဲလို့မေးရင်တော့ Device မှာ အသုံးပြုမယ့် Software ပိုင်းဆိုင်ရာကို အပြီးသတ်နိုင်ခြင်းမရှိသေးတာကြောင့် ဖြစ်နိုင်တယ်လို့ပဲ ဖြေရမှာပါ။ Samsung အနေနဲ့တော့ လာမယ့် ဧပြီလ ၂၆ ရက်နေ့မတိုင်ခင်မှာ Software ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ အပြီးသတ်လုပ်ဆောင်မှုတွေ၊ ပြန်လည်စစ်ဆေးမှုတွေနဲ့ လုပ်စရာတွေ အမြောက်အများဖြစ်နေပါလိမ့်မယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်က SM-009F ဆိုတဲ့ အမည်ဟာ နိုင်ငံတကာဈေးကွက်အတွက် မူကွဲဖြစ်နိုင်တယ်ဆိုတာပါ။ အကယ်၍ လက်ရှိတွေ့လိုက်ရတဲ့ ရမှတ်ဟာ Qualcomm Chipset အသုံးပြုထားတဲ့ မူကွဲဆိုရင်၊ Exynos version နဲ့ Fold ရဲ့ ရမှတ်ကိုလည်း စောင့်ကြည့်ဖို့ လိုသေးတယ်လို့ သတိပေးနေသလိုပဲ ဖြစ်ပါတယ်။

Ref: GSMArena