[Zawgyi]

ဒီဇိုင္းျပင္ဆင္ထားတဲ့ Samsung Galaxy Fold ကို အိႏၵိယမွာ ေရာင္းေပးလိုက္ပါၿပီ။ ေစ်းကေတာ့ မေသးပါဘူး။ ရူပီး ၁၆၄,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၅ သိန္းေက်ာ္ပါတယ္။ ဒီလ ၄ ရက္ေန႔မွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ၂၀ ရက္ေန႔မွာ ပို႔ေဆာင္ေပးမွာပါ။

ဘင္ဂါလာရူးမွာ ကုမၸဏီရဲ႕ တရား၀င္ ၀က္ဘ္ဆိုက္၊ Samsung Shop နဲ႔ Samsung Opera House ေတြကေန ႀကိဳတင္မွာယူႏုိင္ပါတယ္။ ဒါ့အျပင္ ႏုိင္ငံအ၀န္းက အေရာင္းဆိုင္ ၃၅ ခုကေနလည္း ၀ယ္ယူႏုိင္ပါတယ္။

Galaxy Fold ၀ယ္ယူသူေတြအတြက္ ၂၄ နာရီ အကူအညီေပးတဲ့ ၀န္ေဆာင္မႈကို ကုမၸဏီက ျပဳလုပ္ေပးထားပါတယ္။ ဒါ့အျပင္ One-year Infinity Flex Display Protection ကိုလည္း ျပဳလုပ္ေပးထားၿပီး မေတာ္တဆ Display ပ်က္ဆီးသြားရင္ ၁ ႀကိမ္ အခမဲ့ လဲလွယ္ေပးမွာ ျဖစ္ပါတယ္။ Galaxy Fold ၀ယ္ယူသူေတြကို Aramid Fiber Case နဲ႔ Galaxy Buds ေတြကို လက္ေဆာင္ထည့္ေပးထားပါတယ္။

Galaxy Fold မွာ AMOLED Display ၂ ခု ပါပါတယ္။ ၇.၃ လက္မ Foldable Display နဲ႔ ၄.၆ လက္မ Cover Display ေတြ ပါပါတယ္။ Snapdragon 855 SoC , 12GB RAM နဲ႔ 512GB Storage ေတြ ထည့္ထားပါတယ္။ Cosmos Black အေရာင္ ထုတ္လုပ္ေပးထားပါတယ္။ 4,380mAh Battery နဲ႔ ကင္မရာ ၆ လံုးေတာင္ ပါပါတယ္။

Ref : gsmarena

[Unicode]

Samsung Galaxy Fold ကို အိန္ဒိယမှာ ရောင်းပြီ

ဒီဇိုင်းပြင်ဆင်ထားတဲ့ Samsung Galaxy Fold ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ ဈေးကတော့ မသေးပါဘူး။ ရူပီး ၁၆၄,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃၅ သိန်းကျော်ပါတယ်။ ဒီလ ၄ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၀ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။

ဘင်ဂါလာရူးမှာ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်၊ Samsung Shop နဲ့ Samsung Opera House တွေကနေ ကြိုတင်မှာယူနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံအဝန်းက အရောင်းဆိုင် ၃၅ ခုကနေလည်း ဝယ်ယူနိုင်ပါတယ်။

Galaxy Fold ဝယ်ယူသူတွေအတွက် ၂၄ နာရီ အကူအညီပေးတဲ့ ဝန်ဆောင်မှုကို ကုမ္ပဏီက ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် One-year Infinity Flex Display Protection ကိုလည်း ပြုလုပ်ပေးထားပြီး မတော်တဆ Display ပျက်ဆီးသွားရင် ၁ ကြိမ် အခမဲ့ လဲလှယ်ပေးမှာ ဖြစ်ပါတယ်။ Galaxy Fold ဝယ်ယူသူတွေကို Aramid Fiber Case နဲ့ Galaxy Buds တွေကို လက်ဆောင်ထည့်ပေးထားပါတယ်။

Galaxy Fold မှာ AMOLED Display ၂ ခု ပါပါတယ်။ ၇.၃ လက်မ Foldable Display နဲ့ ၄.၆ လက်မ Cover Display တွေ ပါပါတယ်။ Snapdragon 855 SoC , 12GB RAM နဲ့ 512GB Storage တွေ ထည့်ထားပါတယ်။ Cosmos Black အရောင် ထုတ်လုပ်ပေးထားပါတယ်။ 4,380mAh Battery နဲ့ ကင်မရာ ၆ လုံးတောင် ပါပါတယ်။

Ref : gsmarena