Zawgyi
Samsung Galaxy Fold ဟာ ပြီးခဲ့တဲ့ ဧပြီလထဲက Display ပိုင်းမှာ ပြဿနာတွေတက်ခဲ့ပြီးတော့ Delay ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ Samsung ကနေ ဒီ Galaxy Fold စမတ်ဖုန်းရဲ့ Display Error တွေကို ပြင်ဆင်နိုင်ခဲ့ပြီး လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။
အဲ့ဒါကြောင့် Samsung Galaxy Fold ရဲ့ ပြန်လည်ထွက်ရှိမယ့်အချိန်က Apple အနေနဲ့ ပုံမှန် iPhone တွေကို မိတ်ဆက်နေကြဖြစ်တဲ့ စက်တင်ဘာလ ဒုတိယပတ်နောက်ပိုင်းနဲ့ သွားတိုက်နေပြီး ဒီဖုန်း ၂ခုစလုံးက ဈေးအရလည်း မြင့်မားတဲ့အတွက် အဓိကပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
Ref – GSM Arena
Unicode
Samsung Galaxy Fold ဟာ ပြီးခဲ့တဲ့ ဧပြီလထဲက Display ပိုင်းမှာ ပြဿနာတွေတက်ခဲ့ပြီးတော့ Delay ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ Samsung ကနေ ဒီ Galaxy Fold စမတ်ဖုန်းရဲ့ Display Error တွေကို ပြင်ဆင်နိုင်ခဲ့ပြီးတော့ လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်သွားမယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။
အခုအချိန်မှာတော့ Korea Media Outlet တစ်ခုဖြစ်တဲ့ The Investor ကနေ Samsung Galaxy Fold စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလ ၁၈ ၊ ၁၉ နဲ့ ၂၀ ရက်နေ့ဝန်းကျင်မှာ ပြန်လည်မိတ်ဆက်သွားမယ်လို့ ပြောကြားလိုက်ပြီဖြစ်ပါတယ်။
အဲ့ဒါကြောင့် Samsung Galaxy Fold ရဲ့ ပြန်လည်ထွက်ရှိမယ့်အချိန်က Apple အနေနဲ့ ပုံမှန် iPhone တွေကို မိတ်ဆက်နေကြဖြစ်တဲ့ စက်တင်ဘာလ ဒုတိယပတ်နောက်ပိုင်းနဲ့ သွားတိုက်နေပြီးတော့ ဒီဖုန်း ၂ ခုစလုံးက ဈေးအရလည်း မြင့်မားတဲ့အတွက် အဓိကပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
Samsung ဟာ ဒီ ပြန်လည်ပြင်ဆင်ထားတဲ့ Galaxy Fold စမတ်ဖုန်းကို အနည်းဆုံး South Korea မှာ အလုံးရေ ၁ သိန်းဝန်းကျင်လောက်ရောင်းရမယ်လို့ ခန့်မှန်းထားပြီး စစခြင်းမှာတင် အလုံးရေ ၂ သောင်းကနေ ၃သောင်းဝန်းကျင်အထိ In Stock ထားထားမယ်လို့ သိရပါတယ်။ Samsung က Galaxy Fold ကို အလုံးရေ ၁ သန်းအထိ ရောင်းချဖို့အထိကို ယခင်တုန်းက မျှော်မှန်းထားတာဖြစ်ပါတယ်။
Samsung Galaxy Fold စမတ်ဖုန်းကို လာမယ့်စက်တင်ဘာလမှာ US နဲ့ South Korea Market တွေမှာပဲ အရင်ဆုံးမိတ်ဆက်လာမှာဖြစ်ပြီး နောက်ပိုင်း Global Market တွေဖြစ်တဲ့ Germany ၊ UK နဲ့ France တို့မှာပါ ရောင်းချသွားမှာဖြစ်ပါတယ်။
Ref – GSM Arena