Zawgyi

Samsung ကေန အခ်ိန္အေတာ္ၾကာျပန္လည္႐ုတ္သိမ္းထားရတဲ့ Galaxy Fold စမတ္ဖုန္းကို ျပန္လည္ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဝယ္ယူရရွိႏိုင္တဲ့တစ္ခုထဲေသာ Foldable စမတ္ဖုန္းက ပိုၿပီး အၾကမ္းခံေအာင္ ျပင္ဆင္ထားတယ္ဆိုေပမယ့္ ထင္သေလာက္မဟုတ္ခဲ့တဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Samsung ကေန Galaxy Fold စမတ္ဖုန္းကို အႀကိမ္ေရ ၂ သိန္းအထိ Folding Test ေတြျပဳလုပ္ထားၿပီးေတာ့ အဲ့ဒီအႀကိမ္အေရအတြက္ကိုလည္း ေကာင္းေကာင္းခံႏိုင္ရည္ရွိတယ္လို႔ ေျပာၾကားထားတာျဖစ္ပါတယ္။ အဲ့ဒါကို CNET ကေန ကိုယ္ပိုင္ Folding Torture Test တစ္ခုနဲ႔ စမ္းသပ္ခဲ့ပါတယ္။

CNET ရဲ႕ စမ္းသပ္မႈမွာေတာ့ Samsugn Galaxy Fold ဟာ အာမခံထားတဲ့ အႀကိမ္ေရ ၂ သိန္းအစား အႀကိမ္ေရ ၁၂၀,၁၆၉ ႀကိမ္ေျမာက္မွာေတာ့ လုံးဝကို Display က သုံးမရေတာ့ေအာင္ပ်က္စီးသြားခဲ့တာျဖစ္ပါတယ္။ ဒါက Samsung က ေျပာထားတဲ့အႀကိမ္ေရနဲ႔ ယွဥ္မယ္ဆိုရင္ ထက္ဝက္နီးပါးကို ကြာဟေနတာပါ။

ဒါေပမယ့္ တစ္ခုရွိတာကေတာ့ Samsung က ထုတ္ျပခဲ့ဖူးတဲ့ Galaxy Fold Folding Test Video မွာ Galaxy Fold ကို CNET က စမ္းသပ္တာထက္ ပိုၿပီးေႏွးတဲ့အရွိန္နဲ႔ ေခါက္ၿပီး စမ္းသပ္တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ CNET ရဲ႕ စမ္းသပ္မႈကပဲ ပိုျမန္ေနလို႔ အခုလိုမ်ိဳး လြယ္လြယ္နဲ႔ပ်က္တာလားဆိုတာကလည္း စဥ္းစားစရာပါ။

ဘာပဲျဖစ္ျဖစ္ အခုလို အႀကိမ္ေရ ၁ သိန္းေက်ာ္ဆိုတာကလည္း တကယ္တမ္းသုံးမယ္ဆိုရင္ ၂ ႏွစ္နဲ႔ ၃ ႏွစ္ေလာက္ကို အသုံးျပဳႏိုင္မွာျဖစ္တဲ့အတြက္ အရမ္းႀကီးေတာ့မဆိုးဘူးလို႔ ေျပာရမွာပါ။ ဒါေပမယ့္လည္း Galaxy Fold ကို သုံးခ်င္တယ္ဆိုရင္ Samsung က အႀကံျပဳထားသလို လုံးဝကို ညင္ညင္သာသာကိုင္တြယ္ၿပီးသုံးမွပဲရမွာပါ။

Ref – The Verge

Unicode

Samsung ကနေ အချိန်အတော်ကြာပြန်လည်ရုတ်သိမ်းထားရတဲ့ Galaxy Fold စမတ်ဖုန်းကို ပြန်လည်ရောင်းချနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဝယ်ယူရရှိနိုင်တဲ့တစ်ခုထဲသော Foldable စမတ်ဖုန်းက ပိုပြီး အကြမ်းခံအောင် ပြင်ဆင်ထားတယ်ဆိုပေမယ့် ထင်သလောက်မဟုတ်ခဲ့တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Samsung ကနေ Galaxy Fold စမတ်ဖုန်းကို အကြိမ်ရေ ၂ သိန်းအထိ Folding Test တွေပြုလုပ်ထားပြီးတော့ အဲ့ဒီအကြိမ်အရေအတွက်ကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ အဲ့ဒါကို CNET ကနေ ကိုယ်ပိုင် Folding Torture Test တစ်ခုနဲ့ စမ်းသပ်ခဲ့ပါတယ်။

CNET ရဲ့ စမ်းသပ်မှုမှာတော့ Samsugn Galaxy Fold ဟာ အာမခံထားတဲ့ အကြိမ်ရေ ၂ သိန်းအစား အကြိမ်ရေ ၁၂၀,၁၆၉ ကြိမ်မြောက်မှာတော့ လုံးဝကို Display က သုံးမရတော့အောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ ဒါက Samsung က ပြောထားတဲ့အကြိမ်ရေနဲ့ ယှဥ်မယ်ဆိုရင် ထက်ဝက်နီးပါးကို ကွာဟနေတာပါ။

ဒါပေမယ့် တစ်ခုရှိတာကတော့ Samsung က ထုတ်ပြခဲ့ဖူးတဲ့ Galaxy Fold Folding Test Video မှာ Galaxy Fold ကို CNET က စမ်းသပ်တာထက် ပိုပြီးနှေးတဲ့အရှိန်နဲ့ ခေါက်ပြီး စမ်းသပ်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် CNET ရဲ့ စမ်းသပ်မှုကပဲ ပိုမြန်နေလို့ အခုလိုမျိုး လွယ်လွယ်နဲ့ပျက်တာလားဆိုတာကလည်း စဥ်းစားစရာပါ။

ဘာပဲဖြစ်ဖြစ် အခုလို အကြိမ်ရေ ၁ သိန်းကျော်ဆိုတာကလည်း တကယ်တမ်းသုံးမယ်ဆိုရင် ၂ နှစ်နဲ့ ၃ နှစ်လောက်ကို အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အရမ်းကြီးတော့မဆိုးဘူးလို့ ပြောရမှာပါ။ ဒါပေမယ့်လည်း Galaxy Fold ကို သုံးချင်တယ်ဆိုရင် Samsung က အကြံပြုထားသလို လုံးဝကို ညင်ညင်သာသာကိုင်တွယ်ပြီးသုံးမှပဲရမှာပါ။

Ref – The Verge