[Zawgyi]
Samsung ဟာ Galaxy Fold ရဲ႕ မ်က္ႏွာျပင္ျပႆနာေၾကာင့္ ျဖန႔္ခ်ိမယ့္ရက္ကို ေ႐ႊ႕ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေပၚက Protective Layer ကို မ်က္ႏွာျပင္နဲ႔ ကိုယ္ထည္ေအာက္ကိုထည့္သြင္းလိုက္ၿပီျဖစ္ေပမယ့္ ဒါကလည္း ရာႏႈန္းျပည့္ ေက်နပ္စရာေကာင္းတဲ့ အေျဖေတာ့ မဟုတ္ေသးပါဘူး။
ႀကိဳတင္အမွာစာေတြကိုေတာင္ ဖ်က္သိမ္းခြင့္ေပးခဲ့ရတဲ့အထိ Galaxy Fold ရဲ႕ Protective Layer က ျပႆနာႀကီး ေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ကေတာ့ Samsung ဟာ Galaxy Fold ျဖန႔္ခ်ိမယ့္ရက္ကို သိပ္မၾကာခင္ ရက္သတၱပတ္ေတြအတြင္းမွာ တရားဝင္ေၾကညာမွာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဒါေပမယ့္လည္း Samsung ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ Protective Layer နဲ႔ပတ္သက္ၿပီး ဘယ္လိုျပဳျပင္မႈေတြ လုပ္လိုက္တယ္ဆိုတဲ့အေၾကာင္းေတာ့ မပါဝင္လာခဲ့ပါဘူး။ ျပင္ပမွာ ထြက္ေပၚေနတဲ့ သတင္းေတြအရေတာ့ ကိုရီးယားကုမၸဏီႀကီးဟာ သူတို႔ရဲ႕ ပထမဆုံးေသာ Foldable ဖုန္းရဲ႕မ်က္ႏွာျပင္နဲ႔ ပတၱာကို ပိုၿပီးအၾကမ္းခံေအာင္လို႔ ႀကိဳးစားေနဆဲလို႔ သိရပါတယ္။
Foldable ဖုန္းနဲ႔ပတ္သက္ၿပီး မဟာၿပိဳင္ဘက္ႀကီးျဖစ္တဲ့ Huawei က ကုန္သြယ္ေရးစစ္ေၾကာင့္ ဒုကၡမ်ားေနခ်ိန္ျဖစ္လို႔ Mate X ျဖန႔္ခ်ိတဲ့ကိစၥကိုလည္း ေ႐ႊ႕ဆိုင္းထားရဖြယ္ ရွိပါတယ္။ ဒီအတြက္ ျဖန႔္ခ်ိမယ္ေျပာၿပီးမွ ျပန္ဖ်က္လိုက္ရတဲ့ Samsung ကေတာ့ အသက္ရွဴေပါက္ ရသြားတယ္လို႔ပဲ ဆိုရမွာပါ။
Galaxy Fold ကို ေတာင္ကိုရီးယားမွာပဲ ဦးဆုံးျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။ ဒီေနာက္မွာမွ အေမရိကန္မွာ ဆက္လက္ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။ အတြင္းသတင္းေတြအဆိုအရ Galaxy Fold ျဖန႔္ခ်ိမယ့္ရက္ဟာ Galaxy Note 10 ျဖန႔္ခ်ိမယ့္ရက္နဲ႔ အေတာ္ေလးကို နီးကပ္မယ္လို႔လည္း သိရပါတယ္။
Ref: GSMArena
[Unicode]
လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း Galaxy Fold ဖြန့်ချိမယ့်ရက်ကို ကြေညာမယ်လို့ Samsung ထုတ်ပြန်
Samsung ဟာ Galaxy Fold ရဲ့ မျက်နှာပြင်ပြဿနာကြောင့် ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်က Protective Layer ကို မျက်နှာပြင်နဲ့ ကိုယ်ထည်အောက်ကိုထည့်သွင်းလိုက်ပြီဖြစ်ပေမယ့် ဒါကလည်း ရာနှုန်းပြည့် ကျေနပ်စရာကောင်းတဲ့ အဖြေတော့ မဟုတ်သေးပါဘူး။
ကြိုတင်အမှာစာတွေကိုတောင် ဖျက်သိမ်းခွင့်ပေးခဲ့ရတဲ့အထိ Galaxy Fold ရဲ့ Protective Layer က ပြဿနာကြီး ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ကတော့ Samsung ဟာ Galaxy Fold ဖြန့်ချိမယ့်ရက်ကို သိပ်မကြာခင် ရက်သတ္တပတ်တွေအတွင်းမှာ တရားဝင်ကြေညာမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း Samsung ရဲ့ သတင်းထုတ်ပြန်ချက်မှာ Protective Layer နဲ့ပတ်သက်ပြီး ဘယ်လိုပြုပြင်မှုတွေ လုပ်လိုက်တယ်ဆိုတဲ့အကြောင်းတော့ မပါဝင်လာခဲ့ပါဘူး။ ပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ကိုရီးယားကုမ္ပဏီကြီးဟာ သူတို့ရဲ့ ပထမဆုံးသော Foldable ဖုန်းရဲ့မျက်နှာပြင်နဲ့ ပတ္တာကို ပိုပြီးအကြမ်းခံအောင်လို့ ကြိုးစားနေဆဲလို့ သိရပါတယ်။
Foldable ဖုန်းနဲ့ပတ်သက်ပြီး မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ Huawei က ကုန်သွယ်ရေးစစ်ကြောင့် ဒုက္ခများနေချိန်ဖြစ်လို့ Mate X ဖြန့်ချိတဲ့ကိစ္စကိုလည်း ရွှေ့ဆိုင်းထားရဖွယ် ရှိပါတယ်။ ဒီအတွက် ဖြန့်ချိမယ်ပြောပြီးမှ ပြန်ဖျက်လိုက်ရတဲ့ Samsung ကတော့ အသက်ရှူပေါက် ရသွားတယ်လို့ပဲ ဆိုရမှာပါ။
Galaxy Fold ကို တောင်ကိုရီးယားမှာပဲ ဦးဆုံးဖြန့်ချိမယ်လို့ သိရပါတယ်။ ဒီနောက်မှာမှ အမေရိကန်မှာ ဆက်လက်ဖြန့်ချိမှာ ဖြစ်ပါတယ်။ အတွင်းသတင်းတွေအဆိုအရ Galaxy Fold ဖြန့်ချိမယ့်ရက်ဟာ Galaxy Note 10 ဖြန့်ချိမယ့်ရက်နဲ့ အတော်လေးကို နီးကပ်မယ်လို့လည်း သိရပါတယ်။
Ref: GSMArena