[Zawgyi]

Samsung ကေတာ့ Galaxy Fold နဲ႔ပတ္သက္ၿပီး ေဝဖန္သံေတြညံေနတဲ့ၾကားက တ႐ုတ္၊ ဂ်ပန္နဲ႔ အျခားေဈးကြက္ ေတြကိုလည္း ျဖန႔္ခ်ိေတာ့မွာ ျဖစ္ပါတယ္။ Galaxy Fold ကို ေတာင္ကိုရီးယားမွာပဲ စတင္ျဖန႔္ခ်ိခဲ့ၿပီးတဲ့ေနာက္ ဒုတိယေျမာက္ ေဈးကြက္အျဖစ္ အေမရိကန္ေဈးကြက္ကို ဆက္လက္ျဖန႔္ခ်ိခဲ့တာလည္း ျဖစ္ပါတယ္။

Galaxy Fold ရဲ႕ အဓိကျပႆနာဟာ မ်က္ႏွာျပင္ႀကံ့ခိုင္မႈနဲ႔ ပတၱာပိုင္းဆိုင္ရာပဲ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ကိုယ္ထည္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈအျဖစ္ လိုဂိုစာလုံးကြာက်သြားတာမ်ိဳးလည္း ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ျပႆနာေတြ ဘယ္ေလာက္ပဲ ေပၚေပါက္လာပါေစ Galaxy Fold အေပၚ စိတ္ဝင္စားၾကတာေတြကေတာ့ ေလ်ာ့ပါးမသြားဘူးလို႔ ဆိုရမွာပါ။

Samsung ဟာ Galaxy Fold ကို အိႏၵိယေဈးကြက္မွာ ႀကိဳတင္မွာယူမႈ ျပဳလုပ္ခြင့္ေပးခဲ့ၿပီး ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ ၾသစေၾတးလ်နဲ႔ ယူေအအီးတို႔မွာလည္း ႀကိဳတင္မွာယူမႈကို ခြင့္ျပဳေပးထားခဲ့သလို ဂ်ပန္ႏိုင္ငံေဈးကြက္မွာလည္း ေရာင္းခ်ေတာ့မယ္လို႔ သိရပါတယ္။ အဓိကေဈးကြက္ေတြအျဖစ္ ယူေက၊ ဂ်ာမနီ၊ ျပင္သစ္နဲ႔ စင္ကာပူတို႔အျပင္ မကၠဆီကို၊ ဆြစ္ဇာလန္၊ ပိုလန္နဲ႔ တ႐ုတ္ႏိုင္ငံတြင္းမွာလည္း Samsung ရဲ႕ Galaxy Fold ကို မိတ္ဆက္ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Samsung ဟာ အေမရိကန္ေဈးကြက္က Galaxy Fold သုံးစြဲသူေတြအတြက္ 24/7 service အစီအစဥ္ကို ျပဳလုပ္ေပးထားတာလည္း ျဖစ္ပါတယ္။ လာမယ့္ ၂၁ ရက္ေန႔မွာ ေတာင္ကိုရီးယားေဈးကြက္ထဲမွာ တတိယေျမာက္အသုတ္ကို ျဖန႔္ခ်ိဦးမယ္လို႔ သိရပါတယ္။ ပထမႏွစ္သုတ္ျဖန႔္ခ်ိမႈမွာ Galaxy Fold အလုံးေရ ႏွစ္ေသာင္း ျဖစ္ခဲ့ၿပီး တတိယအသုတ္မွာ ေနာက္ထပ္ အလုံးေရတစ္ေသာင္း ထပ္မံျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။

Ref: Android Community

[Unicode]

ဥရောပအပြင် တရုတ်၊ ဂျပန်နဲ့ အခြားဈေးကွက်တွေဆီ ဖြန့်ကျက်တော့မယ့် Galaxy Fold

Samsung ကတော့ Galaxy Fold နဲ့ပတ်သက်ပြီး ဝေဖန်သံတွေညံနေတဲ့ကြားက တရုတ်၊ ဂျပန်နဲ့ အခြားဈေးကွက် တွေကိုလည်း ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ Galaxy Fold ကို တောင်ကိုရီးယားမှာပဲ စတင်ဖြန့်ချိခဲ့ပြီးတဲ့နောက် ဒုတိယမြောက် ဈေးကွက်အဖြစ် အမေရိကန်ဈေးကွက်ကို ဆက်လက်ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။

Galaxy Fold ရဲ့ အဓိကပြဿနာဟာ မျက်နှာပြင်ကြံ့ခိုင်မှုနဲ့ ပတ္တာပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်ထည်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအဖြစ် လိုဂိုစာလုံးကွာကျသွားတာမျိုးလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြဿနာတွေ ဘယ်လောက်ပဲ ပေါ်ပေါက်လာပါစေ Galaxy Fold အပေါ် စိတ်ဝင်စားကြတာတွေကတော့ လျော့ပါးမသွားဘူးလို့ ဆိုရမှာပါ။

Samsung ဟာ Galaxy Fold ကို အိန္ဒိယဈေးကွက်မှာ ကြိုတင်မှာယူမှု ပြုလုပ်ခွင့်ပေးခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ သြစတြေးလျနဲ့ ယူအေအီးတို့မှာလည်း ကြိုတင်မှာယူမှုကို ခွင့်ပြုပေးထားခဲ့သလို ဂျပန်နိုင်ငံဈေးကွက်မှာလည်း ရောင်းချတော့မယ်လို့ သိရပါတယ်။ အဓိကဈေးကွက်တွေအဖြစ် ယူကေ၊ ဂျာမနီ၊ ပြင်သစ်နဲ့ စင်ကာပူတို့အပြင် မက္ကဆီကို၊ ဆွစ်ဇာလန်၊ ပိုလန်နဲ့ တရုတ်နိုင်ငံတွင်းမှာလည်း Samsung ရဲ့ Galaxy Fold ကို မိတ်ဆက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ Samsung ဟာ အမေရိကန်ဈေးကွက်က Galaxy Fold သုံးစွဲသူတွေအတွက် 24/7 service အစီအစဉ်ကို ပြုလုပ်ပေးထားတာလည်း ဖြစ်ပါတယ်။ လာမယ့် ၂၁ ရက်နေ့မှာ တောင်ကိုရီးယားဈေးကွက်ထဲမှာ တတိယမြောက်အသုတ်ကို ဖြန့်ချိဦးမယ်လို့ သိရပါတယ်။ ပထမနှစ်သုတ်ဖြန့်ချိမှုမှာ Galaxy Fold အလုံးရေ နှစ်သောင်း ဖြစ်ခဲ့ပြီး တတိယအသုတ်မှာ နောက်ထပ် အလုံးရေတစ်သောင်း ထပ်မံဖြန့်ချိမယ်လို့ သိရပါတယ်။

Ref: Android Community