[Zawgyi]

Samsung Galaxy Fold ေတြဟာ အခ်ိန္တိုအတြင္းမွာပဲ မ်က္ႏွာျပင္ ပ်က္စီးျခင္းျဖစ္ေပၚလာတယ္လို႔ The Verg က ထုတ္ေဖာ္ေရးသားလိုက္ပါတယ္။ Samsung က Review လုပ္ဖို႔ ေပးထားတဲ့ Galaxy Fold ဟာ စတင္အသုံးျပဳၿပီး ရက္ပိုင္းအတြင္းမွာပဲ ေခါက္ခ်ိဳးေနရာမွာ ပ်က္စီးမႈ စတင္ ျဖစ္ေပၚလာတာပါ။

Samsung က The Verge ကို ေပးထားတာ Galaxy Fold ၂ လုံးျဖစ္ၿပီး ၂ လုံးစလုံး အလားတူ ျပႆနာ ျဖစ္ေပၚလာတယ္လို႔ ဆိုပါတယ္။ The Verge ရဲ႕ ေဆာင္းပါးရွင္ Dieter Bohn ကေတာ့ ေခါက္႐ိုးေနရာမွာ ျဖစ္ေပၚလာတဲ့ ဒဏ္ရာကို ဖိလိုက္တဲ့အခါ မ်က္ႏွာျပင္ဟာ ကြဲအက္သြားတယ္လို႔ ဆိုပါတယ္။

ဒီလိုျဖစ္တာ The Verge တစ္ခုတည္း မဟုတ္ပါဘူး။ Bloomberg က Mark Gurman လည္း အလားတူ ျဖစ္ရပ္ကို ႀကဳံေတြ႕ရပါတယ္။ YouTube ရဲ႕ အထင္ကရ Reviewer ျဖစ္တဲ့ Marques Brownlee ကလည္း အလားတူ ျပႆနာကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။

Marques Brownlee (MKBHD) ကလည္း အလားတူ ျပႆနာကို ႀကဳံေတြ႕ရတဲ့ Galaxy Fold ကို ျပသခဲ့ၿပီး မ်က္ႏွာျပင္ေပၚက အၾကည္လႊာကို မဖယ္ရွားဖို႔ သတိေပးခဲ့ပါတယ္။ ဒီအၾကည္လႊာဟာ Screen protector လို႔ ထင္ရေပမယ့္ မဟုတ္ေၾကာင္းနဲ႔၊ အဲဒီအၾကည္လႊာကို မဖယ္ရွားၾကဖို႔ ဆိုပါတယ္။

Samsung ကလည္း ဒီျပႆနာနဲ႔ပတ္သက္ၿပီး အေသးစိတ္ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ Galaxy Fold မ်က္ႏွာျပင္ေပၚက အၾကည္လႊာကို ဖယ္ထုတ္လိုက္ျခင္းေၾကာင့္ မ်က္ႏွာျပင္ ပ်က္စီးမႈေတြ ျဖစ္ေပၚရတာလို႔ Samsung က ေျပာဆိုထားပါတယ္။

Ref: The Verge

[Unicode]

အပေါ်ယံလွှာကို ဖယ်ရှားလိုက်လို့အချိန်တိုအတွင်း မျက်နှာပြင် ပျက်စီးခြင်းနဲ့ ကြုံတွေ့နေရတဲ့ Samsung Galaxy Fold

Samsung Galaxy Fold တွေဟာ အချိန်တိုအတွင်းမှာပဲ မျက်နှာပြင် ပျက်စီးခြင်းဖြစ်ပေါ်လာတယ်လို့ The Verg က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ Samsung က Review လုပ်ဖို့ ပေးထားတဲ့ Galaxy Fold ဟာ စတင်အသုံးပြုပြီး ရက်ပိုင်းအတွင်းမှာပဲ ခေါက်ချိုးနေရာမှာ ပျက်စီးမှု စတင် ဖြစ်ပေါ်လာတာပါ။

Samsung က The Verge ကို ပေးထားတာ Galaxy Fold ၂ လုံးဖြစ်ပြီး ၂ လုံးစလုံး အလားတူ ပြဿနာ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ The Verge ရဲ့ ဆောင်းပါးရှင် Dieter Bohn ကတော့ ခေါက်ရိုးနေရာမှာ ဖြစ်ပေါ်လာတဲ့ ဒဏ်ရာကို ဖိလိုက်တဲ့အခါ မျက်နှာပြင်ဟာ ကွဲအက်သွားတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်တာ The Verge တစ်ခုတည်း မဟုတ်ပါဘူး။ Bloomberg က Mark Gurman လည်း အလားတူ ဖြစ်ရပ်ကို ကြုံတွေ့ရပါတယ်။ YouTube ရဲ့ အထင်ကရ Reviewer ဖြစ်တဲ့ Marques Brownlee ကလည်း အလားတူ ပြဿနာကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

 

Marques Brownlee (MKBHD) ကလည်း အလားတူ ပြဿနာကို ကြုံတွေ့ရတဲ့ Galaxy Fold ကို ပြသခဲ့ပြီး မျက်နှာပြင်ပေါ်က အကြည်လွှာကို မဖယ်ရှားဖို့ သတိပေးခဲ့ပါတယ်။ ဒီအကြည်လွှာဟာ Screen protector လို့ ထင်ရပေမယ့် မဟုတ်ကြောင်းနဲ့၊ အဲဒီအကြည်လွှာကို မဖယ်ရှားကြဖို့ ဆိုပါတယ်။

Samsung ကလည်း ဒီပြဿနာနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ Galaxy Fold မျက်နှာပြင်ပေါ်က အကြည်လွှာကို ဖယ်ထုတ်လိုက်ခြင်းကြောင့် မျက်နှာပြင် ပျက်စီးမှုတွေ ဖြစ်ပေါ်ရတာလို့ Samsung က ပြောဆိုထားပါတယ်။

Ref: The Verge