[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းက တရုတ္မွာ Galaxy Fold ကို ပထမ အသုတ္ ေရာင္းခ်ေပးခဲ့ၿပီး ေရာင္းအားက ဖလန္းဖလန္းထခဲ့ပါတယ္။ အခု ဒုတိယ အသုတ္ ေရာင္းေပးတဲ့အခါမွာလည္း မိနစ္ပိုင္းအတြင္း ပစၥည္းျပတ္သြားပါတယ္။ Chinese 11.11 Sales Event မွာ ေရာင္းေပးခဲ့တာ ျဖစ္ၿပီး ေဒၚလာ ၂,၀၀၀ ေက်ာ္ တန္ေၾကးရွိပါတယ္။ ျမန္မာေငြ သိန္း ၃၀ ေလာက္က်သင့္မွာ ျဖစ္ပါတယ္။

ကုမၸဏီက ဒုတိယ အသုတ္မွာ ေရာင္းခ်ရတဲ့ အလံုးေရကို မေျပာပါဘူး။ ေနာက္ အသုတ္ကို မၾကာခင္ ေရာင္းေပးမွာ ျဖစ္ပါတယ္။ Samsung က မိခင္ႏုိင္ငံ ေတာင္ကိုရီးယားမွာ Galaxy Fold ကို အေစာဆံုး ေရာင္းခ်ေပးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အေမရိကန္မွာ ၀ယ္ယူႏုိင္ခဲ့ပါတယ္။ အိႏၵိယနဲ႔ ဂ်ပန္မွာလည္း ေရာင္းေပးထားၿပီး ၾသစေၾတးလ်နဲ႔ ယူေအအီးမွာ ႀကိဳတင္မွာယူႏုိင္ပါၿပီ။

Galaxy Fold မွာ AMOLED Display ၂ ခု ပါပါတယ္။ ၇.၃ လက္မ Foldable Display နဲ႔ ၄.၆ လက္မ Cover Display ေတြ ပါပါတယ္။ Snapdragon 855 SoC , 12GB RAM နဲ႔ 512GB Storage ေတြ ထည့္ထားပါတယ္။ Cosmos Black အေရာင္ ထုတ္လုပ္ေပးထားပါတယ္။ 4,380mAh Battery နဲ႔ ကင္မရာ ၆ လံုးေတာင္ ပါပါတယ္။

Galaxy Fold ဟာ သိန္း ၃၀ ေလာက္တန္ေၾကးရွိႏုိင္တဲ့အတြက္ ေတာ္ရံုလူ မကိုင္ႏိုင္ပါဘူး။ ဒါေပမယ့္ Samsung က ေဘာစိမဟုတ္တဲ့ လူေတြပါ ကိုင္ႏုိင္မယ့္ Galaxy Fold ေမာ္ဒယ္ ၁ လံုးကို ဖန္တီးေနတဲ့ သတင္းေတြထြက္ေနပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္မွာ RAM ကို ေလွ်ာ့ခ်ျခင္းလို ေစ်းသက္သာေစမယ့္ အစိတ္အပိုင္းေတြကို ထည့္သြင္းထားႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

တရုတ်မှာ မိနစ်ပိုင်းအတွင်း ပစ္စည်းပြတ်သွားပြန်တဲ့ Samsung Galaxy Fold

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်မှာ Galaxy Fold ကို ပထမ အသုတ် ရောင်းချပေးခဲ့ပြီး ရောင်းအားက ဖလန်းဖလန်းထခဲ့ပါတယ်။ အခု ဒုတိယ အသုတ် ရောင်းပေးတဲ့အခါမှာလည်း မိနစ်ပိုင်းအတွင်း ပစ္စည်းပြတ်သွားပါတယ်။ Chinese 11.11 Sales Event မှာ ရောင်းပေးခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၂,၀၀၀ ကျော် တန်ကြေးရှိပါတယ်။ မြန်မာငွေ သိန်း ၃၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက ဒုတိယ အသုတ်မှာ ရောင်းချရတဲ့ အလုံးရေကို မပြောပါဘူး။ နောက် အသုတ်ကို မကြာခင် ရောင်းပေးမှာ ဖြစ်ပါတယ်။ Samsung က မိခင်နိုင်ငံ တောင်ကိုရီးယားမှာ Galaxy Fold ကို အစောဆုံး ရောင်းချပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်မှာ ဝယ်ယူနိုင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဂျပန်မှာလည်း ရောင်းပေးထားပြီး သြစတြေးလျနဲ့ ယူအေအီးမှာ ကြိုတင်မှာယူနိုင်ပါပြီ။

Galaxy Fold မှာ AMOLED Display ၂ ခု ပါပါတယ်။ ၇.၃ လက်မ Foldable Display နဲ့ ၄.၆ လက်မ Cover Display တွေ ပါပါတယ်။ Snapdragon 855 SoC , 12GB RAM နဲ့ 512GB Storage တွေ ထည့်ထားပါတယ်။ Cosmos Black အရောင် ထုတ်လုပ်ပေးထားပါတယ်။ 4,380mAh Battery နဲ့ ကင်မရာ ၆ လုံးတောင် ပါပါတယ်။

Galaxy Fold ဟာ သိန်း ၃၀ လောက်တန်ကြေးရှိနိုင်တဲ့အတွက် တော်ရုံလူ မကိုင်နိုင်ပါဘူး။ ဒါပေမယ့် Samsung က ဘောစိမဟုတ်တဲ့ လူတွေပါ ကိုင်နိုင်မယ့် Galaxy Fold မော်ဒယ် ၁ လုံးကို ဖန်တီးနေတဲ့ သတင်းတွေထွက်နေပါတယ်။ တန်ဖိုးနည်း မော်ဒယ်မှာ RAM ကို လျှော့ချခြင်းလို ဈေးသက်သာစေမယ့် အစိတ်အပိုင်းတွေကို ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena