Samsung ကနေ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ပြုလုပ်သွားမယ့် Galaxy Unpacked Event မှာ Galaxy Note 20 Series ဖုန်းတွေတင် မိတ်ဆက်သွားမှာမဟုတ်ပါဘူး။ Note 20 Series အပြင် Foldable Phone တွေဖြစ်တဲ့ Galaxy Z Flip 5G နဲ့ Galaxy Fold ရဲ့ မျိုးဆက်သစ်ဖုန်းကိုပါ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Samsung Galaxy Z Flip 5G ဖုန်းကတော့ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Z Flip ကိုပဲ Snapdragon 865+ နဲ့ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်ပြီး အရွယ်အစားလည်း အနည်းငယ်ကြီးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Fold ရဲ့ မျိုးဆက်သစ်ဖုန်းကတော့ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

အစောပိုင်းတုန်းက အဆိုပါဖုန်းကို Galaxy Fold 2 လို့ပဲ ခေါ်ဆိုသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်မှာတော့ Galaxy Z Fold 2 ဆိုပီး ထုတ်လုပ်သွားမယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဆိုပါ သတင်းဟာ Samsung ရဲ့ Website ကနေ သိလာရတဲ့အတွက် သေချာသလောက်ဖြစ်နေပြီး Samsung အနေနဲ့ Foldable စမတ်ဖုန်းတွေကို Galaxy Z Series အနေနဲ့ ထုတ်လုပ်သွားမယ့်ပုံစံပါပဲ။

Samsung Galaxy Z Fold 2 စမတ်ဖုန်းဟာလည်း Qualcomm Snapdragon 865+ ကိုပဲ အသုံးပြုလာမှာဖြစ်ပါတယ်။ အပြင်ဘက်က Display ဟာ 6.23″ အထိအရွယ်အစားပိုကြီးလာမှာဖြစ်သလို အတွင်းပိုင်း Display ကလည်း ဖြန့်လိုက်ရင် 7.7″ အထိရှိမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့လည်း Galaxy Fold တုန်းက Notch အစား Punch-hole Design ကို ပြောင်းလဲ အသုံးပြုလာမှာပါ။

ကျန်တဲ့သတင်းတွေအနေနဲ့ကတော့ Galaxy Z Flip ဖုန်းလိုမျိုးပဲ Ultra Thin Glass (UTG) ကိုအသုံးပြုလာမယ့်အပြင် 25W Fast Charging ကိုလည်း Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena