Zawgyi

၂၀၁၉ ခုႏွစ္ရဲ႕ ႏွစ္စပုိင္းမွာ Samsung ဟာ Galaxy Fold လို႔အမည္ေပးထားတဲ့ သူတုိ႔ရဲ႕ပထမဆုံး Foldable စမတ္ဖုန္းကို ထုတ္ျပခဲ့ပါတယ္။ ဒါေပမယ့္ ထြက္ရွိခါနီးမွာ ျပႆနာေတြေပၚေပါက္လာခဲ့ၿပီး ေစ်းကြက္ထဲကို ဝင္ေရာက္မယ့္ အရွိန္အဟုန္ရပ္တန္႔သြားခဲ့တဲ့ေနာက္ ဒီဇုိင္းပိုင္းဆုိင္ရာ ျပန္လည္ျပဳျပင္မႈေတြကို လနဲ႔ခ်ီၿပီး ျပဳလုပ္ခဲ့ရပါတယ္။

တဖန္ျပန္လည္ထြက္ရွိလာတဲ့ Galaxy Fold ဟာ လက္ရွိအခ်ိန္မွာ ေတာင္ကိုရီးယား၊ အေမရိကန္နဲ႔ အိႏၵိယ စတဲ့ ေစ်းကြက္အနည္းငယ္မွာ ေရာင္းခ်ေနၿပီျဖစ္ၿပီး ယေန႔ထြက္လာတဲ့ သတင္းအရေတာ့ Samsung ကုမၸဏီဟာ တရုတ္ေစ်းကြက္ကိုလည္း မိတ္ဆက္ဖို႔ျပင္ဆင္ေနၿပီလို႔ ဆုိပါတယ္။

ေတာင္ကိုရီးယားအေျခစုိက္ ကုမၸဏီဟာ Galaxy Fold ကို တရုတ္ႏိုင္ငံသုိ႔ လာမယ့္ႏုိဝင္ဘာ ၈ ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး ေစ်းႏႈန္းက ၁၄၉၉၉ ယြမ္ (ျမန္မာေငြ ၃၂ သိန္းေက်ာ္) သတ္မွတ္လာမွာပါ။ လက္ရွိအခ်ိန္မွာ Galaxy Fold ယူနစ္စုစုေပါင္း ငါးသိန္းေလာက္ ေရာင္းခ်ၿပီးျဖစ္တယ္လို႔ အခ်က္အလက္ေတြက ဆုိထားၿပီး တရုတ္ႏုိင္ငံ ေစ်းကြက္ကို ဝင္လာရင္ေတာ့ ပိုၿပီးျမန္ျမန္ဆန္ဆန္ေရာင္းခ်ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Samsung Galaxy Fold မွာ Display ႏွစ္ခုပါဝင္ၿပီး ေခါက္ထားတဲ့အခါ အျပင္ဘက္က 4.6” လက္မအရြယ္ Display နဲ႔ ျဖန္႔ခ်လိုက္တဲ့အခါ အတြင္းက 7.3” လက္မ Dynamic AMOLED Panel တုိ႔ျဖစ္ပါတယ္။ အတြင္းမွာ Snapdragon 855 ခ်စ္ပ္နဲ႔အတူ 12GB RAM / 512GB Storage အတြဲကို အသုံးျပဳထားပါတယ္။

Ref – Gizmo China

Unicode

၂၀၁၉ ခုနှစ်ရဲ့ နှစ်စပိုင်းမှာ Samsung ဟာ Galaxy Fold လို့အမည်ပေးထားတဲ့ သူတို့ရဲ့ပထမဆုံး Foldable စမတ်ဖုန်းကို ထုတ်ပြခဲ့ပါတယ်။ ဒါပေမယ့် ထွက်ရှိခါနီးမှာ ပြဿနာတွေပေါ်ပေါက်လာခဲ့ပြီး ဈေးကွက်ထဲကို ဝင်ရောက်မယ့် အရှိန်အဟုန်ရပ်တန့်သွားခဲ့တဲ့နောက် ဒီဇိုင်းပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်မှုတွေကို လနဲ့ချီပြီး ပြုလုပ်ခဲ့ရပါတယ်။

တဖန်ပြန်လည်ထွက်ရှိလာတဲ့ Galaxy Fold ဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယား၊ အမေရိကန်နဲ့ အိန္ဒိယ စတဲ့ ဈေးကွက်အနည်းငယ်မှာ ရောင်းချနေပြီဖြစ်ပြီး ယနေ့ထွက်လာတဲ့ သတင်းအရတော့ Samsung ကုမ္ပဏီဟာ တရုတ်ဈေးကွက်ကိုလည်း မိတ်ဆက်ဖို့ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီဟာ Galaxy Fold ကို တရုတ်နိုင်ငံသို့ လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ဈေးနှုန်းက ၁၄၉၉၉ ယွမ် (မြန်မာငွေ ၃၂ သိန်းကျော်) သတ်မှတ်လာမှာပါ။ လက်ရှိအချိန်မှာ Galaxy Fold ယူနစ်စုစုပေါင်း ငါးသိန်းလောက် ရောင်းချပြီးဖြစ်တယ်လို့ အချက်အလက်တွေက ဆိုထားပြီး တရုတ်နိုင်ငံ ဈေးကွက်ကို ဝင်လာရင်တော့ ပိုပြီးမြန်မြန်ဆန်ဆန်ရောင်းချရမယ်လို့ မျှော်လင့်ရပါတယ်။

Samsung Galaxy Fold မှာ Display နှစ်ခုပါဝင်ပြီး ခေါက်ထားတဲ့အခါ အပြင်ဘက်က 4.6” လက်မအရွယ် Display နဲ့ ဖြန့်ချလိုက်တဲ့အခါ အတွင်းက 7.3” လက်မ Dynamic AMOLED Panel တို့ဖြစ်ပါတယ်။ အတွင်းမှာ Snapdragon 855 ချစ်ပ်နဲ့အတူ 12GB RAM / 512GB Storage အတွဲကို အသုံးပြုထားပါတယ်။

Ref – Gizmo China