Unicode

Samsung ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း Galaxy Fold ဟာ တောင်ကိုရီးယားနဲ့ တရုတ်အပါအဝင် ဈေးကွက်တွေမှာ လက်ရှိရောင်းချနေပါပြီ။ သိပ်မကြာခင်ကတင် အင်ဒိုနီးရှားမှာပါ အကြိုအမှာစာလက်ခံခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒီတစ်ခါ ထပ်မံဝင်ရောက်လာမယ့် ဈေးကွက်ကတော့ ထိုင်ဝမ် ဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလမှာ Galaxy Fold ကို လက်ခံရရှိတော့မှာပါ။

Galaxy Fold တွေဟာ တရုတ်ဈေးကွက်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန် အစရှိ ဒေသတွေမှာ ရောင်းချနေခဲ့ပြီး အခြေအနေကောင်းတယ်လို့ ဆိုပေမယ့် Samsung ကတော့ ဘယ်လောက်ထိ ရောင်းချခဲ့ရလဲ ဆိုတဲ့ အရေအတွက် အတိအကျကို ဖော်ပြဖို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် ဈေးကွက်သစ်တွေကို တစ်ခုချင်းစီ ထပ်မံဖြန့်ချိလာတာကြောင့် ရောင်းအားကောင်းနေတယ်လို့ ယုံကြည်ရမှာပါ။

Samsung ရဲ့ တရားဝင်ကြေညာချက်အရတော့ Galaxy Fold ကို ထိုင်ဝမ်ရဲ့ Samsung Experience Store နဲ့ တရားဝင်ဝက်ဆိုက်တို့ကနေ ဇန်နဝါရီ ၂၀၂၀ မှာ ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပြီး ဈေးနှုန်းက ဒေါ်လာ ၂၂၈၉ (မြန်မာငွေ ၃၄ သိန်းကျော်) ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။

Galaxy Fold ရဲ့ ဈေးကွက်ကျယ်ပြန့်လာချိန်မှာပဲ မျိုးဆက်သစ် Galaxy Fold 2 ကိုလည်း ၂၀၂၀ ဖေဖော်ဝါရီမှာ ပိုပြီးချိုသာတဲ့ ဈေးနှုန်းနဲ့ မြင်တွေ့ရဖို့ သတင်းတွေ ထွက်လာနေပါတယ်။ ဒါပေမယ့် မိတ်ဆက်ပြီးပြီးချင်း ဈေးကွက်ထဲကို ရောက်လာနိုင်မလား ဆိုတာတော့ မသေချာသေးပါဘူး။

Ref – Gizmo China

Zawgyi

Samsung ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္း Galaxy Fold ဟာ ေတာင္ကိုရီးယားနဲ႔ တရုတ္အပါအဝင္ ေစ်းကြက္ေတြမွာ လက္္ရွိေရာင္းခ်ေနပါၿပီ။ သိပ္မၾကာခင္ကတင္ အင္ဒိုနီးရွားမွာပါ အႀကိဳအမွာစာလက္ခံခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ဒီတစ္ခါ ထပ္မံဝင္ေရာက္လာမယ့္ ေစ်းကြက္ကေတာ့ ထုိင္ဝမ္ ျဖစ္ၿပီး ၂၀၂၀ ဇန္နဝါရီလမွာ Galaxy Fold ကို လက္ခံရရွိေတာ့မွာပါ။

Galaxy Fold ေတြဟာ တရုတ္ေစ်းကြက္၊ ေတာင္ကိုရီးယား၊ ေဟာင္ေကာင္၊ စင္ကာပူ၊ ဂ်ပန္ အစရွိ ေဒသေတြမွာ ေရာင္းခ်ေနခဲ့ၿပီး အေျခအေနေကာင္းတယ္လို႔ ဆုိေပမယ့္ Samsung ကေတာ့ ဘယ္ေလာက္ထိ ေရာင္းခ်ခဲ့ရလဲ ဆုိတဲ့ အေရအတြက္ အတိအက်ကို ေဖာ္ျပဖို႔ ျငင္းဆုိထားပါတယ္။ ဒါေပမယ့္ ေစ်းကြက္သစ္ေတြကို တစ္ခုခ်င္းစီ ထပ္မံျဖန္႔ခ်ိလာတာေၾကာင့္ ေရာင္းအားေကာင္းေနတယ္လို႔ ယုံၾကည္ရမွာပါ။

Samsung ရဲ႕ တရားဝင္ေၾကညာခ်က္အရေတာ့ Galaxy Fold ကို ထိုင္ဝမ္ရဲ႕ Samsung Experience Store နဲ႔ တရားဝင္ဝက္ဆုိက္တုိ႔ကေန ဇန္နဝါရီ ၂၀၂၀ မွာ ေရာင္းခ်သြားမွာျဖစ္တယ္လို႔ ဆိုၿပီး ေစ်းႏႈန္းက ေဒၚလာ ၂၂၈၉ (ျမန္မာေငြ ၃၄ သိန္းေက်ာ္) က်သင့္မယ္လို႔ ေဖာ္ျပထားပါတယ္။

Galaxy Fold ရဲ႕ ေစ်းကြက္က်ယ္ျပန္႔လာခ်ိန္မွာပဲ မ်ဳိးဆက္သစ္ Galaxy Fold 2 ကိုလည္း ၂၀၂၀ ေဖေဖာ္ဝါရီမွာ ပိုၿပီးခ်ဳိသာတဲ့ ေစ်းႏႈန္းနဲ႔ ျမင္ေတြ႕ရဖို႔ သတင္းေတြ ထြက္လာေနပါတယ္။ ဒါေပမယ့္ မိတ္ဆက္ၿပီးၿပီးခ်င္း ေစ်းကြက္ထဲကို ေရာက္လာႏုိင္မလား ဆုိတာေတာ့ မေသခ်ာေသးပါဘူး။

Ref – Gizmo China