Zawgyi


 







(၄) Emoji Day တွေလုပ်ပါ






Unicode

အလုပ်ခွင်မှာ ပျော်ရွှင်စေဖို့ နည်းလမ်း (၄) ခု

လုပ်ငန်းခွင်မှာ စိတ်ပျော်ရွှင် အေးဆေးနေရင် အလုပ်ပိုလုပ်လို့ကောင်းတာ သိပါသလား? စိတ်အေးဆေးကြည်လင်နေဖို့ဆိုတာ အသင်းအစုအဖွဲ့နဲ့ အလုပ်လုပ်တဲ့နေရာမှာ အရေးအကြီးဆုံးပါပဲ။ စိတ်ပျော်ရွှင်မှုဟာ အတွေးသစ်အမြင်သစ်တွေကိုယူဆောင်လာပေးတယ်။ အလုပ်ခွင်နေရာကို ပျော်စရာနေရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်းအားဖြင့် အလုပ်ကိစ္စတွေကိုမြန်မြန်ဆန်ဆန်နဲ့ ပြီးမြောက်စေပါတယ်။ အလုပ်ခွင်မှာ ပိုပြီးပျော်ရွှင်စေဖို့အတွက် အချက်လေးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပျော်စရာ အမှတ်တရအချိန်တွေကို ဓာတ်ပုံရိုက်ထားပါ

လုပ်ဖော်ကိုင်ဖက်တွေဆိုတာ ဒုတိယ မိသားစုဝင်တွေပါပဲ။ ဒါကြောင့် အမှတ်တရအခိုက်အတန့်တွေကို ဓာတ်ပုံရိုက်ထားဖို့ဆိုတာ အကြံကောင်းတစ်ခုပါပဲ။ ကိုယ့် team ရဲ့အောင်ပွဲခံတဲ့ အချိန်တွေပဲဖြစ်ဖြစ် မွေးနေ့ပွဲတွေပဲဖြစ်ဖြစ် ရယ်မောစရာ အခိုက်အတန့်တွေကိုပဲ ဖြစ်ဖြစ် Selfie နဲ့ Group ပုံတွေရိုက်ပါ။ အဲ့လိုအမှတ်တရပုံတွေဟာ ထူးခြားတဲ့အခိုက်အတန့်တွေကို မှတ်တမ်းတင် သိမ်းဆည်းပေးထားနိုင်တယ်။ Galaxy J4+ ရဲ့ ကြီးမားတဲ့ F1.9 အလင်းဝင်ပေါက်က အလင်းတွေကို ပိုမိုဝင်ရောက်စေပြီး အလင်းအားနည်းတဲ့ နေရာတွေမှာတောင် ကြည်လင်တောက်ပတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်တယ်။ Floating Shutter Button ကြောင့် လက်တစ်ဘက်တည်းနဲ့ ရိုက်ကူးနိုင်လို့ Group Selfie ပုံတွေရိုက်ကူးတဲ့နေရာမှာ အရမ်းအဆင်ပြေစေပါတယ်။

(၂) လုပ်ဖော်ကိုင်ဘက်တွေနဲ့ စကားစမြည်ပြောပါ

ပြောဆိုဆက်ဆံလို့ရပြီး အကြံဉာဏ်တောင်းလို့ရတဲ့ လုပ်ဖော်ကိုင်ဘက်တွေရှိခြင်းအားဖြင့် အလုပ်လုပ်တဲ့နေရာမှာ ပျော်ဖို့ကောင်းတဲ့အပြင် ကိုယ်ယုံကြည်လို့ရတဲ့ အသင်းအဖွဲ့မျိုးကို ရစေပါတယ်။ အသင်းအဖွဲ့တစ်ခုအဖြစ် ရယ်စရာမောစရာ အကြောင်းအရာတွေ မျှဝေပြောဆိုရင်း ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေကိုလည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ကြမယ်ဆိုရင် တကယ့်ကို ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်အတွေ့အကြုံပါပဲ။

(၃) လူသစ်တွေကို ကြိုဆိုပါ

အဖွဲ့ဝင်အသစ်တွေကို နွေးနွေးထွေးထွေး ကြိုဆိုပါ။ လူသစ်တစ်ယောက်က ကိုယ့်အဖွဲ့ကို စတင်ဝင်ရောက်လာတာနဲ့ သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ (အကြိုက်ဆုံး အားကစားအသင်း ဝါသနာ တီဗီ အစီအစဉ် နဲ့ အစရှိတဲ့အချက်များ) ကိုရေးခိုင်းပါ။ နေ့လည်စာ စားတဲ့အချိန်တွေမှာခေါ်သွားတာတို့ သူတို့ရဲ့ အလုပ်နေရာကို ပစ္စည်းလှလှလေးတွေနဲ့ အလှဆင်ပြီး Surprise လုပ်ပေးပါ။ အလုပ်စဆင်းတဲ့ နေ့ရက်တွေဟာ ခက်ခဲပင်ပန်းပါတယ်။ ဒါပေမယ့် အခုလို လူသစ်တွေအတွက် ပျော်စရာ အစီအစဉ်လေးတွေပြုလုပ်ပေးတဲ့အတွက် သူတို့ကို ပျော်ရွှင်စေပြီး အလုပ်လုပ်တဲ့နေရာမှာ ပိုလွယ်ကူစေပါတယ်။

(၄) Emoji Day တွေလုပ်ပါ

တစ်ရက်လုံး စကားပြောတဲ့အခါ Emoji နဲ့ စတစ်ကာတွေကိုပဲ အသုံးပြုပြီးစကားပြောပါ။ ပျာ်စရာကောင်းရုံသာမက အမျိုးစုံသော ပေါင်းစပ်ထားတဲ့ Emoji တွေဟာ ဘာအဓိပ္ပါယ်လဲဆိုတာစဉ်းစားရင်း ဦးနှောက်ခြောက်သွားစေနိုင်ပါတယ်။ အဲ့တာလေးကို စမ်းသပ်ကြည့်လိုက်ရင် အချိန်တွေကိုပို အကုန်မြန်စေပြီး ပိုပျော်စရာကောင်းလာပါလိမ့်မယ်။

အခြေခံအားဖြင့် အလုပ်ခွင်မှာ ပျော်ရွှင်နေတာက အလုပ်လုပ်တဲ့ သူတွေကိုပဲ အကျိုးရှိစေတာ မဟုတ်ဘဲ လုပ်ငန်းတစ်ခုလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေပါတယ်။ လူတွေဟာ ပျော်ရွှင်နေရင် အလုပ်တွေကို ပိုကြိုးစားပြီး အချိန်ကြာကြာလုပ်နိုင်တဲ့အပြင် ကောင်းမွန်တဲ့ အောင်မြင်မှုတွေကိုပါ အတူတကွ ဆွတ်ခူးနိုင်ကြပါတယ်။

Samsung ဟာ ဒီအပတ်ထဲမှာပဲ မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ စတိုင်ကျတဲ့ Galaxy J4+ ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့အတူ မိတ်ဆက်လိုက်ပါတယ်။ ဒီဇိုင်းနဲ့ Feature ပိုင်းလှပဆန်းသစ်တဲ့ ဖုန်းတစ်လုံးဖြစ်တာကြောင့် လုပ်ငန်းခွင်မှာတောင် ပျော်ရွှင်စရာအချိန်တွေကို ပေးစွမ်းနိုင်ပါတယ်။

Samsung Galaxy J4+ ရဲ့ ရည်ရွယ်ချက်ကတော့ ပျော်စရာတွေပိုပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်လာဖို့ပါပဲ။ တောက်ပပြီးကျယ်ပြန့်တဲ့ မျက်နှာပြင်က ဂိမ်းတွေဆော့ စာတွေပို့ပြီး အင်တာနက်သုံးတဲ့နေရာမှာ အရမ်းအဆင်ပြေစေပြီး ကောင်းမွန်တဲ့ ကင်မရာကြောင့် မိတ်ဆွေသူငယ်ချင်း မိသားစုတွေနဲ့အတူ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို မှတ်တမ်းတင်ပေးထားနိုင်တယ်။

ဒီ အသစ်စက်စက် J4+ ကို ပြည်တွင်းမှာ အောက်တိုဘာ ၁၂ ရက် ကစပြီး ဖုန်းအရောင်းဆိုင်တော်တော်များများနဲ့ Samsung Brand Shop တွေမှာဝယ်ယူနိုင်ပါပြီ။ ဈေးနှုန်း မြန်မာငွေ နှစ်သိန်းဝန်းကျင်နဲ့သာရောင်းချမယ့် Galaxy J4+ ကို အနက်ရောင်၊ ရွှေရောင်နဲ့ ပန်းရောင် ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။