[Zawgyi]

Samsung ဟာ ဒီႏွစ္ထဲမွာ Galaxy A စမတ္ဖုန္းေတြကို မိတ္ဆက္လာခဲ့ၿပီး Galaxy J Series ေတြကို ဆက္မထုတ္ေတာ့ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အသစ္ခ်မွတ္လိုက္တဲ့ မဟာဗ်ဴဟာအရ Galaxy A ေတြက Samsung ရဲ႕ ေဈးႏႈန္းသက္သာတဲ့ ဖုန္းေတြအျဖစ္ ေဈးကြက္ကို ဆက္ၿပီထိုးေဖာက္ေတာ့မွာ ျဖစ္ပါတယ္။

Samsung ဟာ Galaxy J ေတြကို ထုတ္လုပ္မႈ ရပ္ဆိုင္းလိုက္ေပမယ့္ Software ပိုင္းဆိုင္ရာ ေထာက္ပံ့မႈေတြကိုေတာ့ ဆက္လုပ္သြားဦးမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး Software ပိုင္းဆိုင္ရာ ေထာက္ပံ့မႈကို ဘယ္ေမာ္ဒယ္ေတြရရွိမယ္၊ ဘယ္အခ်ိန္ထိရရွိမယ္ဆိုတာ ရွင္းရွင္းလင္းလင္းမသိရေသးေပမယ့္ အခုအခ်ိန္မွာေတာ့ Galaxy J6 အတြက္ Android Pie update ကို အိႏၵိယမွာလည္း ရရွိေနၿပီ ျဖစ္ပါတယ္။

မူလက Galaxy J6 အတြက္ Android Pie update ကို အီတလီနဲ႔ ဘရာဇီးတို႔မွာသာ ရရွိခဲ့တာ ျဖစ္ပါတယ္။ Update Version နံပါတ္က J600GDXU3BSD9 ျဖစ္ၿပီး Samsung ရဲ႕ ေနာက္ဆုံးေပၚဒီဇိုင္း One UI နဲ႔အတူျဖစ္ပါတယ္။ Update ဟာ Pie ရဲ႕ Features အေတာ္မ်ားမ်ားကို ယူေဆာင္လာေပးတာျဖစ္ေပမယ့္ Firmware ကေတာ့ Security patch အေဟာင္းနဲ႔ ခ်ိတ္ဆက္ေနတုန္း ျဖစ္ပါတယ္။

Androdi Pie ဟာ အိႏၵိယေဈးကြက္က Galaxy J6 ေတြ အားလုံးဆီကို လာမယ့္ တစ္ပတ္၊ ဒါမွမဟုတ္ ႏွစ္ပတ္အတြင္း ေရာက္ရွိလာမွာ ျဖစ္ပါတယ္။ အကယ္၍ Update ေရာက္ေၾကာင္း Notification မတက္ဘူးဆိုရင္ေတာ့ Settings > Software update menu ဆီသြားၿပီး စစ္ေဆးၾကည့္ဖို႔ Sammobile က လမ္းၫႊန္ထားပါတယ္။

Ref: GSMArena

[Unicode]

Galaxy J6 အတွက် Android Pie Update ကို အိန္ဒိယကိုလည်း ရောက်ပြီ

Samsung ဟာ ဒီနှစ်ထဲမှာ Galaxy A စမတ်ဖုန်းတွေကို မိတ်ဆက်လာခဲ့ပြီး Galaxy J Series တွေကို ဆက်မထုတ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသစ်ချမှတ်လိုက်တဲ့ မဟာဗျူဟာအရ Galaxy A တွေက Samsung ရဲ့ ဈေးနှုန်းသက်သာတဲ့ ဖုန်းတွေအဖြစ် ဈေးကွက်ကို ဆက်ပြီထိုးဖောက်တော့မှာ ဖြစ်ပါတယ်။

Samsung ဟာ Galaxy J တွေကို ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပေမယ့် Software ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကိုတော့ ဆက်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး Software ပိုင်းဆိုင်ရာ ထောက်ပံ့မှုကို ဘယ်မော်ဒယ်တွေရရှိမယ်၊ ဘယ်အချိန်ထိရရှိမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် အခုအချိန်မှာတော့ Galaxy J6 အတွက် Android Pie update ကို အိန္ဒိယမှာလည်း ရရှိနေပြီ ဖြစ်ပါတယ်။

မူလက Galaxy J6 အတွက် Android Pie update ကို အီတလီနဲ့ ဘရာဇီးတို့မှာသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ Update Version နံပါတ်က J600GDXU3BSD9 ဖြစ်ပြီး Samsung ရဲ့ နောက်ဆုံးပေါ်ဒီဇိုင်း One UI နဲ့အတူဖြစ်ပါတယ်။ Update ဟာ Pie ရဲ့ Features အတော်များများကို ယူဆောင်လာပေးတာဖြစ်ပေမယ့် Firmware ကတော့ Security patch အဟောင်းနဲ့ ချိတ်ဆက်နေတုန်း ဖြစ်ပါတယ်။

Androdi Pie ဟာ အိန္ဒိယဈေးကွက်က Galaxy J6 တွေ အားလုံးဆီကို လာမယ့် တစ်ပတ်၊ ဒါမှမဟုတ် နှစ်ပတ်အတွင်း ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အကယ်၍ Update ရောက်ကြောင်း Notification မတက်ဘူးဆိုရင်တော့ Settings > Software update menu ဆီသွားပြီး စစ်ဆေးကြည့်ဖို့ Sammobile က လမ်းညွှန်ထားပါတယ်။

Ref: GSMArena